ပေါင်းတည်မြို့နယ် လဲပင်ကျေးရွာဘုန်းကြီးကျောင်းဝန်းအတွင်း စစ်ကောင်စီတပ်က နင်းမိုင်းထောင်ထားခဲ့၍ ဒေသခံများ ဖြတ်သန်းခြင်း မပြုရန် PDF က သတိပေး

စစ်ကောင်စီတပ်မှ နင်းမိုင်းထောင်ထားခဲ့စဉ် [ Photo: ပေါင်းတည် PDF ]

 ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ လဲပင်ကျေးရွာဘုန်းကြီးကျောင်းဝန်းအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များက နင်းမိုင်းများထောင်ထားခဲ့သဖြင့် ဒေသခံများ လဲပင်ဘုန်းကြီးကျောင်းအတွင်း ဖြတ်သန်းခြင်းမပြုကြရန် Paungde People Defense Force - PPDF က ယနေ့ မေလ(၇)ရက်နေ့တွင် သတိပေးထားသည်။

ပြီးခဲ့သည့် ဧပြီလ(၁၅)ရက်က လဲပင်ကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ  စကစတပ်ဖွဲ့ဝင် (၃)ဦးသေဆုံးခဲ့‌သေးသည်။

အလားတူ ဧပြီလ(၁၆)ရက်နေ့တွင် လဲပင်ကျေးရွာသို စစ်ကူလာသော စစ်ကောင် စီစစ်ကြောင်းအား ငရှဉ့်ကွင်းကျေးရွာအနီးတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၅)ဦး သေပြီး အများအပြားဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

Photo: ပေါင်းတည် PDF