မကွေးတိုင်း၊ တောင်တွင်းမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ မေလ(၁)ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိကြောင်း TDPDF (MinGin)က သတင်းထုတ်ပြန်သည်။
ဧပြီလ(၃၀)ရက်နေ့က ပျားသုံးရွာကို စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းကာ စစ်ရှောင်တဲများအား မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံတစ်ဦးကိုလည်း ပစ်သတ်သွားခဲ့ကြသဖြင့် ဒေသကာကွယ်ရေးတပ်က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ အဖွဲ့က ဒီနေ့ နေ့လည်မှာ သူတို့တပ်စွဲထားတဲ့ ကျော်ရွားကို သွားတိုက်ကြတာပါ။ တိုက်ပွဲကတော့ ချောင်းဟိုဘက်၊ ဒီဘက်ပဲ အပြန်အလှန်ပစ်ကြတာ သူတို့လူနှစ်ယောက်ထိသွားတာတော့ သေချာတယ်။ သေမလားရှင်မလားတော့ သေချာမသိရဘူးဗျ။ ကျွန်တော်တို့ဘက်ကတော့ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။"ဟု TDPDF(MinGin)က ထုတ်ပြန်ထားသည်။
TDPDF(MinGin)အနေဖြင့် ပြည်သူလူထုနှင့်အတူ တစ်သား တည်းရပ်တည်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်ကို အမြစ်ပြတ် သည်အထိ တော်လှန်တိုက်ထုတ်သွားပါမည်ဟု ထုတ်ပြန်ထား သည်။