ကလေးတောင်ပိုင်းစစ်ရေးလှုပ်ရှားမှု၏ ဧပြီလအတွင်း တိုက်ပွဲပေါင်း (၄)ကြိမ်ကျော်တွင်  စစ်ကောင်စီတပ်သား (၅၀)အထက် သေဆုံးမှု ရှိခဲ့ကြောင်း RKDF ထုတ်ပြန်

RKDF ၏ စစ်ရေးလှုပ်ရှားမှု မြင်ကွင်းများ [ Photo: Ranger Kalay Defend Force ]
RKDF ၏ စစ်ရေးလှုပ်ရှားမှု မြင်ကွင်းများ [ Photo: Ranger Kalay Defend Force ]
ကလေးတောင်ပိုင်းစစ်ရေးလှုပ်ရှားမှု၏ ဧပြီလအတွင်း တိုက်ပွဲပေါင်း (၄)ကြိမ်ကျော်တွင်  စစ်ကောင်စီတပ်သား (၅၀)အထက် သေဆုံးမှု ရှိခဲ့ကြောင်း RKDF ထုတ်ပြန်
ဧပြီ 27, 2022 | အခြားဒေသများ

Ranger Kalay Defend Force (RKDF) တပ်ဖွဲ့၏ ကလေးတောင်ပိုင်း စစ်ရေးလှုပ်ရှားမှု၏ ဧပြီလအတွင်း၌ ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ခိုက်ရာ တိုက်ပွဲပေါင်း အနည်းဆုံး (၄)ကြိမ်အထက် ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်သား(၅၀)ဦးထက် မနည်း သေဆုံးမှုများကြောင်း  RKDF က ဧပြီလ(၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်ထားရှိသည်။

တိုင်းနှင့်ပြည်နယ်များတွင် ဖြစ်ပွားသည့် တိုက်ပွဲများတွင် အာဏာသိမ်းစစ်ကောင်စီဘက်က ၎င်းတို့၏ စစ်သား သေဆုံးမှု အများအပြား ဘယ်လောက်ရှိရှိ အရေအတွက်ကို ထုတ်ပြန်ခြင်းမရှိသော်လည်း စစ်ကောင်စီတပ်သားများ သေဆုံးမှု နှင့် တော်လှန်ရေးစစ်သည်တော် ကျဆုံးမှုအရေအတွက်များကို ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ပေးလေ့ရှိသည်။

"တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီ ဘက်မှ (၅၀)ဦးထက်မနည်း ကျဆုံးခဲ့သလို  RKDF ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ အထိအခိုက် အကျအဆုံးမရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း" PKDF က  သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။ 

ပူးပေါင်းတပ်ဖွဲ့များမှ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးကာ ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့သော ရဲဘော်ရဲဘက် အပေါင်းအား လေးစားစွာ ဦးညွှတ်အလေးနီပြုသည်ဟုလည်း ထုတ်ပြန်ထားသည်။

မပြီးဆုံးသေးသည့် တော်လှန်ရေးခရီးကြမ်းကို အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း ကတိပြုထားသည်။ 



#TachileikNewsAgency

Photo: Ranger Kalay Defend Force