မင်းကင်းမြို့နယ်အတွင်း စစ်ကောင်စီနှင့်ပျူစောထီး အဖွဲ့ ကြားဖြတ် တိုက်ခိုက်ခံရပြီး (၁၀)ဦး အထက်သေဆုံး

မင်းကင်းမြို့နယ်အတွင်း စစ်ကောင်စီနှင့်ပျူစောထီး အဖွဲ့ ကြားဖြတ် တိုက်ခိုက်ခံရပြီး (၁၀)ဦး အထက်သေဆုံး
ဧပြီ 26, 2022 | အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့မှ စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား (၇၀)ဝန်းကျင်ကို ဧပြီလ(၂၅)ရက်နေ့က ကြားဖြတ်တိုက် ခိုက်ရာ စစ်ကောင်စီတပ်သား(၁၃)ဦးသေကြောင်း မင်းကင်းဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ဆင်းလာသည့် အာဏာသိမ်းစစ်ကောင်စီ ကား(၃)စီးအား သွားရောက်ကြိုသည့် ၎င်းစစ်ကောင်စီတပ်ဖွဲ့ကို မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၏ တပ်ရင်း(၂) ၊ တပ်ခွဲ (၁)မှ တိုက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းကို သင်္ဘော -  ကဗျစ်အရောက်တွင် MKPDF-2 ၊ တပ်ခွဲ(၁)မှ တိုက်မိုင်း၊ ပဒေသာမိုင်းများ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ သေသူများအပြင် ခြေပြတ်လက်ပြတ်ဖြစ်သွားသူများကို မင်းကင်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဘိုးဘွားရိပ်သာတောင်ပေါ်သို့ ခေါ်ဆောင်သွားကြကြောင်း သိရသည်။