တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ဗုံးကြဲမှုကို တိမ်းရှောင် ဆုတ်ခွာရင်း မြစ်ဖြတ်ကူးစဉ် တော်လှန်ရေးစစ်သည်တော် (၁)ဦး ရေစီးနှင့်အတူ မျောပါရင်း ကျဆုံး

Photo:  Zero ပြောက်ကျားတပ်ဖွဲ (မြင်းခြံ)
Photo: Zero ပြောက်ကျားတပ်ဖွဲ (မြင်းခြံ)
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ဗုံးကြဲမှုကို တိမ်းရှောင် ဆုတ်ခွာရင်း မြစ်ဖြတ်ကူးစဉ် တော်လှန်ရေးစစ်သည်တော် (၁)ဦး ရေစီးနှင့်အတူ မျောပါရင်း ကျဆုံး
ဧပြီ 24, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ရှည်ကျေးရွာအုပ်စုအတွင်း ဖြစ်ပွားသည့် တိုက်ပွဲတွင် အထိနာသွားသည့် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ပြန်လည်ဆုတ်ခွာရင်း မြစ်ဖြတ်ကူးစဉ် တော်လှန်ရေးတပ်ဖွဲ့ဝင်(၁)ဦး ရေထဲမျောပါ သွားသည့်အတွက် ကျဆုံးခဲ့ရကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

"ညောင်ပင်ရှည်တိုက်ပွဲတွင် လေကြောင်းပစ်ကူများ ရောက်လာချိန် စစ်ကြောင်းပြန် လည်ဆုတ်ခွာခဲ့ရာ မူးမြစ်ဖြတ်ကူးမူ၌ ရဲဘော် ( ၁ )ဦး ရေစီးနှင့်မျောပါသွားခဲ့ပြီးတိုက်ပွဲကြားမှပင် ပြန်လည်ကယ်တင်နိုင်ခဲ့ပေမဲ့ စိတ်မကောင်းစွာကျဆုံးလျှက်သာရယူနိုင်ခဲ့ပါသည်။"ဟု ZERO ပြောက်ကျားတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

တိုက်ပွဲတွင် လက်နက်ကြီးကျည်ကြောင့် ဗမာ့ဇာမဏီတပ်ဖွဲ့မှ ရဲ ဘော် (၃) ဦး၊ မဟာမိတ် တပ်ဖွဲ့မှ (၂) ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ပြီး Zero ပြောက်ကျားတပ်ဖွဲ (မြင်းခြံ)မှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ   ရဲဘော် အီးမန်း (နောက်ဆုံးနှစ်၊စိုက်ပျိုးရေး၊ရေဆင်းတက္ကသိုလ်)သည် မူးမစ်ကို ဖြတ်ကူးစဉ် ရေစီးနှင့်အတူ မျောပါသွားပြီး ကျန်သည့် တိုက်ပွဲဝင်များမှ တိုက်ပွဲများအကြား လိုက်ပါ ဆယ်ယူကယ်ဆယ်ခဲ့သော်လည်း ကျဆုံးလျှက်သာ အလောင်းကို ရရှိခဲ့သည်ဟု သိရသည်။

ညောင်ပင်ရှည်ကျေးရွာအုပ်စုအတွင်း ဝင်ရောက်စီးနင်းကာ ဒေသခံအရပ်သား ပြည်သူများအား ညှင်းပမ်းနှိပ်စက်ခြင်း၊ ပစ္စည်းများသိမ်းယူခြင်း၊ ဖျက်ဆီးခြင်းများပြုလုပ်နေသည့်အတွက် ၂၀၂၂ခုနှစ် ဧပြီလ(၂၂)ရက်နေ့က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ စုပေါင်းကာ ရွာကို ကြားညှပ်၍ ခုခံပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် အထိနာသည့် စစ်ကောင်စီတပ်သည် လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်း၊ အုန်းတော ယန္တရားတပ်မှ သံချပ်ကာ ကားများနှင့် MI-35 ရဟတ်ယာဥ်များပါ လာရောက်ပစ်ခတ်ခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရချိန်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင် စစ်သည်တော်(၁)ဦး ကျဆုံးခဲ့ရခြင်း ဖြစ်သည်။