စစ်ကောင်စီအောက်တွင် တာဝန်မထမ်းဆောင်လိုတော့သည့် တပ်သားတစ်ဦး CNDF ကနေ တဆင့် ပြည်သူနှင့် ပူးပေါင်း

စစ်ကောင်စီအောက်တွင် တာဝန်မထမ်းဆောင်လိုတော့သည့် တပ်သားတစ်ဦး CNDF ကနေ တဆင့် ပြည်သူနှင့် ပူးပေါင်း
ဧပြီ 18, 2022 | အခြားဒေသများ

 ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အခြေပြု အာဏာသိမ်းစစ်ကောင်စီ၏ ခလရ(၂၆၈)တပ်မှ တပ်သား ထက်မြတ်အောင်သည် လက်နက်အပြည့်အစုံဖြင့် ပြည်သူထံပူး ပေါင်းလာကြောင်း CNO/CNDF က ယနေ့ဧပြီလ(၁၈)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ကိုယ်ပိုင်အမှတ် တ - ၅၇၂၅၅၇ တပ်သားထက်မြတ်အောင်သည်  အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့သဖြင့် ပြည်သူနှင့်အတူပူးပေါင်းရန် CNO/CNDF ထံသို့ လက်နက်အပြည့်စုံဖြင့် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းကို CNO/CNDF မှ ဆုကြေးငွေချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

Photo: CNO