သင်္ကြန်အကျနေ့ ညပိုင်း လေးကေ့ကော် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ၏ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိ

သိမ်းဆည်းရမိ စစ်ကောင်စီတပ်၏ ပစ္စည်းများ
သိမ်းဆည်းရမိ စစ်ကောင်စီတပ်၏ ပစ္စည်းများ
သင်္ကြန်အကျနေ့ ညပိုင်း လေးကေ့ကော် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ၏ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိ
ဧပြီ 15, 2022 | အခြားဒေသများ

 ကရင်ပြည်နယ်အတွင်း လေးကေ့ကော်မြို့သစ်အနီး ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားသည့် တောင်ကုန်းများပေါ်သို့ စစ်ကောင်စီတပ်များက နယ်ကျော်ရန် ကြိုးစားလာစဉ် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်များ သေဆုံးအထိနာ ထွက်ပြေးသွားကြပြီးနောက် စစ်အသုံးအဆောင်နှင့် ကျည်များ သိမ်းဆည်းရမိကြောင်း Cobra Column က ယနေ့ ဧပြီလ(၁၅)ရက်နေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်လာသည်။

သင်္ကြန်အကျနေ့ ဖြစ်သည့် ၂၀၂၂ခုနှစ် ဧပြီလ(၁၄)ရက်နေ့ ည(၁၁)နာရီထိုးခါနီးအချိန်က တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး အမြောက်အများဖြင့် ဆက်တိုက် ရမ်းသမ်းပစ်ခတ်သော်လည်း စစ်ကောင်စီတပ်များမှ သေဆုံးမှာများ နှင့် အတူ အထိနာသွားသည့်အတွက် နံနက်(၃)နာရီခွဲဝန်းကျင်တွင် ပြန်လည် ထွက်ပြေးသွားကြကြောင်း သိရသည်။

 

အပြင်းအထန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြား သေဆုံးမှုရှိနိုင်သော်လည်း ကော်ဘရာစစ်ကြောင်းတပ်ဖွဲ့မှာ တစ်ဦးမှ ထိခိုက် ကျဆုံးမှု မရှိကြောင်း သတင်းထုတ်ပြန်ထားရှိသည်။