ထိုင်းတွင် သင်္ကြန်ကာလအတွင်း  ရေပက်ကစားကြောင်း တွေ့ရှိရပါက ဘတ်ငွေ ၆၀,၀၀၀ ဒဏ်ရိုက် ခံရနိုင်

ထိုင်းတွင် သင်္ကြန်ကာလအတွင်း  ရေပက်ကစားကြောင်း တွေ့ရှိရပါက ဘတ်ငွေ ၆၀,၀၀၀ ဒဏ်ရိုက် ခံရနိုင်
By Mr John

ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ကြသည့် ကမ္ဘာလှည့်ခရီးသည်အချို့ ဧပြီ (၁၂) ရက်တွင် ရေပက်ကစားခဲ့ကြကြောင်း စွပ်စွဲချက်ထွက်ပေါ်လာပြီးနောက် ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက ဆုံခရန်ပွဲတော် (ထိုင်းသင်္ကြန်ပွဲတော်) အတွင်း ရေပတ်ကစားခြင်း တားမြစ်ပိတ်ပင်ချက်ကို ကမ္ဘာလှည့်ခရီးသည်များ သိရှိစေရေး ဆောင်ရွက်ရန် ဖူးခက်အုပ်ချုပ်ရေးမှူးကို ညွှန်ကြားလိုက်ကြောင်း သိရသည်။

ဧပြီ (၁၂) ရက်နေ့ ညနေပိုင်းက ဖူးခက်ကျွန်းရှိ Patong ကမ်းခြေတွင် နိုင်ငံခြားသားများနှင့် ထိုင်းခရီးသွားများ ရေပက်ကစားခဲ့ကြခြင်းကို တုံ့ပြန်မှုအဖြစ် ဝန်ကြီးချုပ်၏အမိန့်ကို ဖူးခက်အုပ်ချုပ်ရေမှူးက ထုတ်ပြန်ခဲ့သည်။

ထိုင်းနှင့် နိုင်ငံခြားသားများကို ဆုံခရန်ပွဲတော်တွင် ရေပက်ကစားခြင်း တားမြစ်ပိတ်ပင်ချက်နှင့်ပတ်သက်ပြီး အသိပေးရန်အတွက် ကမ္ဘာလှည့်ခရီးသည် လာရောက်သည့် နေရာများသို့ သွားရောက်ရန် ဝန်ကြီးချုပ်က အုပ်ချုပ်ရေးမှူးကို ညွှန်ကြားခဲ့သည်။

ဝန်ကြီးချုပ်ပရာယွတ်က ရေပက်ကစားမှုကို စိုးရိမ်ပူပန်ကြောင်း ပြောခဲ့သည်ဟု ၎င်း၏ ပြောခွင့်ပုဂ္ဂိုလ်က ဆိုသည်။



ထို့အပြင် အခြား ခရိုင်အုပ်ချုပ်ရေးမှူများကိုလည်း ဆုံခရန်ပွဲတော်အတွင်း ရေပက်ကစားခြင်း တားမြစ်ပိတ်ပင်ချက်ကို တိတိကျကျ လိုက်နာစေရေး ကြပ်မတ်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

လူတွေက ရေပက်ကစားချိန်တွင် mask တပ်ဆင်ထားနိုင်ဖွယ် မရှိကြောင်း ထိုင်းအစိုးရက ပြောသည်။ ဆုံခရန်ပွဲတော်၏ ထင်ရှားသည့်လက္ခဏာဖြစ်သည့် ရေပက်ခြင်းကို Songkran Festival Phuket ၏ သတ်မှတ်နေရာများတွင် ခွင့်ပြုနိုင်သည်ဟု ဆိုသည်။



ထိုင်းပြည်သူများ အနေဖြင့် ဆုံခရန်ပွဲတော်ကာလအတွင်း Centre for Covid-19 Situation Administration (CCSA) က ထုတ်ပြန်ထားသည့် ကျန်းမာရေးဘေးကင်းမှုဆိုင်ရာ စည်းမျဥ်းစည်းကမ်းများကို လိုက်နာကြရန် ထိုင်းအစိုးရက တိုက်တွန်းထားသည်။ လူတိုင်းသည် သက်ကြီးရွယ်အို မိသားစုဝင်များနှင့် မထိတွေ့မိ COVID-19 စစ်ဆေးသင့်ကြောင်းလည်း ထိုင်းဝန်ကြီးချုပ်က ဆိုသည်။



ဖူးခက်ခရိုင်သုံးခုတွင် COVID-19 ထိန်းချုပ်ကာကွယ်ရေးအတွက် ရေပက်ကစားခြင်း တားမြစ်ပိတ်ပင်ချက် လိုက်နာစေရေး ကြပ်မတ်ဆောင်ရွက်ရန် ခရိုင်အာဏာပိုင်တွေကို ညွှန်ကြားထားကြောင်း လက်ထောက် အုပ်ချုပ်ရေးမှူး Anupab Yodrabam က ဧပြီ (၁၃) ရက်တွင် ပြောခဲ့သည်။

Patpong ကမ်းခြေ ဖြစ်ရပ်မျိုး နောက်ထပ်ရှိလာမည် မဟုတ်ဟု ၎င်းက ယုံကြည်ထားသည်။ Patpong ကမ်းခြေဖြစ်ရပ်တွင် ရဲတပ်ဖွဲ့က အချိန်နှင့်တပြေးညီ အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်းလည်း Anupab Yodrabam က ပြောသည်။



ထိုအတောအတွင်း ရဲတပ်ဖွဲ့က ရေပက်ကစားခြင်း တားမြစ်ပိတ်ပင်ချက်  ချိုးဖောက်သူများကို အလျင်အမြန် ပြစ်ဒဏ်ချမှတ်သွားမည်ဟု သတိပေးခဲ့သည်။

COVID-19 တိုက်ဖျက်ရေး အမိန့်ဒီကရီကို ချိုးဖောက်သူများကို ထောင်ဒဏ်နှစ်နှစ်အထိ၊ ငွေဒဏ် ဘတ် ၄၀,၀၀၀ အထိ သို့မဟုတ် ပြစ်ဒဏ်နှစ်ခုလုံး ချမှတ်နိုင်ကြောင်း ဖူးခက် လက်ထောက်အုပ်ချုပ်ရေးမှူး Anupab Yodrabam က ပြောသည်။ ထို့အပြင် ကူးစက်ရောဂါထိန်းချုပ်ရေးဥပဒေအရ ငွေဒဏ် ဘတ် ၂၀,၀၀၀ ချမှတ်နိုင်ကြောင်းလည်း ၎င်းကဆိုသည်။



Source: Chaing Rai News