အင်းတော် - နန့်စီးအောင်လမ်းပိုင်းတွင် ငွေကြေးတောင်းခံနေသည့် စစ်ဆေးရေးဂိတ်နှစ်ခုကို ဒေသကာကွယ်ရေးအဖွဲ့က တိုက်ခိုက်

အင်းတော် - နန့်စီးအောင်လမ်းပိုင်းတွင် ငွေကြေးတောင်းခံနေသည့် စစ်ဆေးရေးဂိတ်နှစ်ခုကို ဒေသကာကွယ်ရေးအဖွဲ့က တိုက်ခိုက်

 စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အင်းတော် - နန့်စီးအောင်လမ်းပိုင်း နတ်မဟုတ်ကြီးရွာအနီးရှိ စစ်ဆေးရေးဂိတ်နှစ်ခုကို ယနေ့ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့တွင် ဒေသကာကွယ်ရေးအဖွဲ့တစ်ခုက ဝင်ရောက်တိုက်ခိုက်ကြောင်း  Indaw Revolution-IR အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း(၄) ဦးသေသည်ဟု Indaw Revolution က ဆိုသည်။

 ၎င်းဂိတ်များသည် ခရီးသည်တင်ကားများနှင့် ကုန်ကားများထံမှ ငွေကြေးတောင်းခံမှုများရှိနေသဖြင့် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ပြီး ငွေကြေးဆက်လက်ကောက်ခံပါက ထပ်မံတိုက်ခိုက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။