ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား မြို့လှ PDF က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၃)ဦး သေဆုံး

ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား မြို့လှ PDF က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၃)ဦး သေဆုံး

ကချင်ပြည်နယ်၊ မြို့လှ PDF တပ်ရင်းနယ်မြေအတွင်းသို့ ယနေ့ မတ်လ(၂၄)ရက်၊ နံနက်(၇)နာရီခွဲက ခြေလျင်စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ (၃)ဦးသေကြောင်း မြို့လှ PDF က သတင်းထုတ်ပြန်လာသည်။ 

အင်အား(၄၅)ဦးဝန်းကျင်ပါသည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် သင်္ဘောလုံခြုံရေးရယူရန် မိုးတားလေးရွာမှ အောက်ဖက် ဝဲကြီးရွာသို့ ခြေလျှင်စစ်ကြောင်း ထိုးလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ ခြေလျှင်စစ်ကြောင်းအား မိုင်း(၂)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး (၇၉)လက်ထောက်ကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ်လ(၂၃)ရက်ကလည်း မြို့လှမြို့၊ ချောင်းဝရွာအနီးတွင် ခြေလျင်စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အာဏာသိမ်းတပ်မှ (၂)ဦးသေ၊ (၅)ဦးဒဏ်ရာရခဲ့သေးသည်။

#TachileikNewsAgency