မန္တလေးမြို့တွင် CDM ပြုလုပ်ထားသည့် သူနာပြုဆရာမတစ်ဦး ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့ ညပိုင်းက ကြိုးဆွဲချအနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ကြရကြောင်း သိရသည်။
အဆိုပါ သူနာပြုဆရာမအား ၎င်းနေထိုင်ရာနေရာတွင် သေဆုံးနေသည်ကို တွေ့ရှိကြရခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ စစ်တပ်မှ အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)လုပ်ကာ အလုပ်ထွက်၍ Volunteer တစ်ဦးအဖြစ် ဆောင်ရွက်နေသူတဦးဖြစ်ကြောင်း သိရသည်။