ချင်း - မကွေးနယ်စပ် လောင်းရှည်ဒေသတွင် စစ်ကောင်စီတပ် နှင့် ဒေသကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှုရှိ

ချင်း - မကွေးနယ်စပ် လောင်းရှည်ဒေသတွင် စစ်ကောင်စီတပ် နှင့် ဒေသကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှုရှိ
ဖေဖော်ဝါရီ 20, 2022 | အခြားဒေသများ

ချင်း - မကွေးနယ်စပ် လောင်းရှယ်ဒေသ ဆွဲလွဲကျင်းကျေးရွာအနီးတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်အား လောင်းရှည်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LSRPDF)၏ တပ်ခွဲ(၃)မှ ခေါနူးမဟာမိတ်တပ်ဖွဲ့နှင့် ပူးပေါင်းကာ တာဝေးပစ်လက်လုပ်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်သည့် (၂)ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများရှိကြောင်း သတင်းထုတ်ပြန်လာသည်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၉)ရက်နေ့အထိ (၂)ရက်တာ တိုက်ပွဲအတွင်း ဒေသကာကွယ်ရေးအဖွဲ့များဘက်က တာဝေးပစ် လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်၍ ရမ်းသမ်းပစ်ခတ်ကြောင်း သိရသည်။

(၂)ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၄)ဦးသေဆုံးပြီး ဒဏ်ရာရရှိသူလည်းရှိဟု LSRPDF က သတင်းထုတ်ပြန်ထားပြီး အလောင်းများကို ယာခင်းတဲပေါ်တွင် တင်ဆောင်ပြီး တဲနှင့်ရောကာ မီးရှို့သင်္ဂြိုဟ်လိုက်သည်ကိုတွေ့ရသည်ဟု သိရသည်။

စစ်ကောင်စီတပ်မှ ပစ်ခတ်ထားသော ၆၀ မမ ဗုံးသီးတစ်လုံးသည်လည်း ပြည်သူများ အသွားအလာများသည့် လယ်ခင်အနီးတွင် ကျရောက်သည်ကို တွေ့ရှိရကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က တာဝေးပစ်လက်လုပ်လက်နက်ကြီးဖြင့် ပစ်ခတ်

အကြမ်းဖက် စစ်ကောင်စီတပ်သည် နိုင်ငံဘဏ္ဍာငွေများကို အသုံးပြုပြီး စစ်အုပ်ချုပ်ရေးအာဏာ တည်မြဲရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို အင်အားများသုံးကာ ပစ်ခတ်တိုက်ခိုက်နေခြင်း ဖြစ်သည်။