ခရမ်းမြို့နယ်အတွင်းက NLD လွှတ်တော်ကိုယ်စားလှယ်(၂)ဦး၏ နေအိမ်ကို အကြမ်းဖက် စစ်ကောင်စီက ချိတ်ပိတ်

ခရမ်းမြို့နယ်အတွင်းက NLD လွှတ်တော်ကိုယ်စားလှယ်(၂)ဦး၏ နေအိမ်ကို အကြမ်းဖက် စစ်ကောင်စီက ချိတ်ပိတ်
ဖေဖော်ဝါရီ 11, 2022 | အခြားဒေသများ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ နေအိမ်များကို ယမန်နေ့ ဖေဖော်၀ါရီလ(၁၀)ရက်က အကြမ်းဖက် စစ်ကောင်စီက ချိတ်ပိတ်လို‌က်ကြောင်း ဒေသခံများထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီက ခရမ်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲချုပ်(NLD)ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးလှတိုးနှင့် ဦးသိန်းဇော်လတ်တို့၏ နေအိမ်များကို ချိတ်ပိတ်လိုက်ခြင်း ဖြစ်သည်။

အကြမ်းဖက် စစ်ကောင်စီက ဖေဖော်၀ါရီလ(၅)တွင် ဦးလှတိုးကို ပုဒ်မ ၅၂(က)ကြီးဖြင့် အမှုဖွင့်ခဲ့ပြီးနောက် နေအိမ်ကို ချိတ်ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။