စလင်းမြို့နယ် မြို့မဦးစီးမှူးနေအိမ်တွင် စုဝေးနေသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

စလင်းမြို့နယ် မြို့မဦးစီးမှူးနေအိမ်တွင် စုဝေးနေသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း စလင်းမြို့နယ် မြို့မဦးစီးမှူးနေအိမ်တွင် စုဝေးနေသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းထံမှ သိရသည်။

စလင်းမြို့နယ် မြို့မဦးစီးမှူးရုံးအနီး ဦးစီးမှူးနေအိမ်တွင် စုဝေးနေသည့် စစ်ကောင်စီတပ်သားများအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့ နံနက် (၁၀)နာရီခွဲတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီး အကြီး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာလ (၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှု ဆောင်ရွက်အပြီး (၁)နာရီခန့်အကြာတွင် လူနာတင်ယာဥ် (၁)စီး ဗုံးသီးကျရာနေရာသို့ ရောက်ရှိလာပြီး စလင်းမြို့မှ တောင်ဘက်သို့ မောင်းနှင်သွားကာ ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရပြီး စလင်းမြို့နယ် ရဲမှူးအပါအဝင် (၄)ဦး သေဆုံးခဲ့သည်ဟု မြေပြင်သတင်းပေးချက်အရ သိရှိရကြောင်း မင်းဘူးခရိုင် အမှတ် (၅)တပ်ရင်းက ဆိုသည်။

ထိခိုက်ဒဏ်ရာရရှိသူ (၃)ဦးအနက် (၁)ဦးကို မကွေးဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး (၂)ဦးကို စလင်းဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုမှုခံယူနေသည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား မင်းဘူးခရိုင် အမှတ် (၅)တပ်ရင်း အမှတ် (၁) တပ်ရင်း နှင့် စလင်းမြို့နယ် ပကဖ စသည့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#TachileikNewsAgency

Photo: မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း