မန္တလေးမြို့ မဟာ လူမှုကယ်ဆယ်ရေးအဖွဲ့၏ ဒုဥက္ကဌ အပါအဝင် (၈)ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား၍ အသင်း၏ ကူညီဆောင်ရွက်မှုများ အကန့်အသတ်မရှိ ခေတ္တ ရပ်ဆိုင်းလိုက်ရ

Photo:  မဟာ လူမှုကယ်ဆယ်ရေးအဖွဲ့
Photo: မဟာ လူမှုကယ်ဆယ်ရေးအဖွဲ့
မန္တလေးမြို့ မဟာ လူမှုကယ်ဆယ်ရေးအဖွဲ့၏ ဒုဥက္ကဌ အပါအဝင် (၈)ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား၍ အသင်း၏ ကူညီဆောင်ရွက်မှုများ အကန့်အသတ်မရှိ ခေတ္တ ရပ်ဆိုင်းလိုက်ရ
ဖေဖော်ဝါရီ 9, 2022 | အခြားဒေသများ

မန္တလေးမြို့တွင် "မဟာ လူမှုကယ်ဆယ်ရေးအဖွဲ့"၏ ဒုဥက္ကဌ အပါအဝင် (၈)ဦးကို အာဏာသိမ်းကောင်စီတပ်များက ဖမ်းဆီးသွားသည့်အတွက် အသင်း၏ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ရက်အကန့်အသတ်မရှိ ခေတ္တရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် အသိပေးထားရှိသည်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့  နှင့် (၉)ရက်နေ့များက အာဏာသိမ်း စစ်ကောင်စီတပ်နှင့်ရဲများမှ အသင်းရုံးကို ဝင်ရောက်စစ်ဆေးပြီး မဟာ လူမှုကယ်ဆယ်ရေးအဖွဲ့၏ ဒုဥက္ကဌ နှင့် တွဲဖက်အတွင်းရေးမှူး (၂)ဦး အပါအဝင် စုစုပေါင်း (၈)ဦးကို ဖမ်းဆီးထားပြီး ဥက္ကဌ နှင့် ကျန်အဖွဲ့ဝင်အချို့လည်း စစ်ဆေးခံနေရဆဲဖြစ်ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီတပ်နှင့်ရဲများက ယင်းသို့ လုပ်ဆောင်နေမှုများကြောင့်  မဟာ လူမှုကယ်ဆယ်ရေးအဖွဲ့အနေဖြင့် အများပြည်သူအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်များအား ဆောင်ရွက်ပေးနိုင်မည်မဟုတ်ဘဲ ရက်အကန့်အသတ်မရှိ ခေတ္တရပ်ဆိုင်းထားမည်ဟု အသိပေးထားခြင်း ဖြစ်သည်။