တန့်ဆည်မြို့နယ်အတွင်းက ကံထူးမရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက် တိုက်ခိုက်

တန့်ဆည်မြို့နယ်အတွင်း ကံထူးမရဲစခန်း တည်နေရာ
တန့်ဆည်မြို့နယ်အတွင်း ကံထူးမရဲစခန်း တည်နေရာ
တန့်ဆည်မြို့နယ်အတွင်းက ကံထူးမရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက် တိုက်ခိုက်
ဖေဖော်ဝါရီ 9, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့ဖေဖော်ဝါရီလ(၉)ရက်၊ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြားသေကြောင်း တန့်ဆည် PDF က သတင်းထုတ်ပြန်ထားသည်။

ကံထူးမရဲစခန်းကို တန့်ဆည် PDF တပ်ရင်း(၆၊၇၊၈)၊ မင်းကင်း PDF တပ်ရင်း(၁)၊ TPC၊ Myanmar Defence Force(Taze Tiger)၊ Phoenix Defence Force(Taze)၊ (Dragon Warrior)-Taze PDF၊ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(ပကဖ)တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တန့်ဆည်မြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများသည် Chain of Command ကို လေးစားလိုက်နာစွာ တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲတွင် ပထမဆုံးအောင်မြင်မှု ရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦးမှာ မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားရှိသည်။