ခရမ်းမြို့ရှိ ဇွဲတွန်စစ်ဆေးရေးဂိတ် ဗုံးခွဲကာ ပစ်ခတ်

ခရမ်းမြို့ရှိ ဇွဲတွန်စစ်ဆေးရေးဂိတ် ဗုံးခွဲကာ ပစ်ခတ်
ဖေဖော်ဝါရီ 4, 2022 | အခြားဒေသများ

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ဇွဲတွန်စစ်ဆေးရေးဂိတ် ယမန်နေ့ ဖေဖော်ဝါရီလ(၃)ရက်၊ ည(၆)နာရီခွဲက ဗုံးကွဲကာ ပစ်ခတ်ခံရသဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြားသေဆုံးပြီး (၃)ဦး ဒဏ်ရာရကြောင်း ဒေသခံများထံက ပြောသည်။

 ဇွဲတွန်စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ ရဲ(၃)ဦး၊ စစ်သား (၂) ဦးသေပြီး၊ (၃)ဦးဒဏ်ရာ ရခဲ့ခြင်းဖြစ်သည်။

ခရမ်းမြို့၊ သစ်တောဂိတ်ကိုလည်း ဇန်နဝါရီလ(၃၁)ရက်က (၄၀) မမ ဖြင့် ပစ်ခတ်ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သား(၁)ဦးသေကာ၊ (၁)ဦး ဒဏ်ရာရခဲ့သေးသည်။

ယင်းပစ်ခတ်ခံရခြင်းကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ခရမ်းမြို့အတွင်း ရှောင်တခင်စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့သေးသည်။