ကောလင်းမြို့နယ်တွင်းမှ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံဌာနများမှ ဝန်ထမ်းအားလုံး ၁၀ ရက်အတွင်း ထွက်ခွာရန် သတိပေး

ကောလင်းမြို့နယ်တွင်းမှ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံဌာနများမှ ဝန်ထမ်းအားလုံး ၁၀ ရက်အတွင်း ထွက်ခွာရန် သတိပေး
ဖေဖော်ဝါရီ 1, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းမှ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ မတိုင်မီ ရရာနည်းလမ်းဖြင့် ထွက်သွားကြရန် ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် သတိပေးလိုက်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ အရာထမ်း၊ အမှုထမ်းများအနေဖြင့် ရုံးဌာနများ၊ နေအိမ်များမှ ရရာနည်းလမ်းဖြင့် အပြီးတိုင်စွန့်လွှတ်ထွက်ခွာသွားရန်နှင့် မြိုင်မြိုနယ်ဒေသခံဝန်ထမ်းများအနေဖြင့်လည်း ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့ နောက်ဆုံးထား၍ အလုပ်မှနှုတ်ထွက်ခြင်း၊ CDM လုပ်ခြင်းများ ဆောင်ရွက်ကြရန်လည်း သတိပေးထားသည်။

အဆိုပါ နှစ်ချက်လုံးအား လိုက်နာခြင်း မရှိပါက မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က အဆိုပါဝန်ထမ်းများ၏ ပိုင်ဆိုင်မှုများ၊ မိသားစုများ၏ လုံခြုံရေးအား အာမ မခံကြောင်း သတိပေးထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့်လကလည်း ကရင်ပြည်နယ်  ဖာပွန်၊ မကွေးတိုင်း မြိုင်မြို့နယ်များမှ အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ ဝန်ထမ်းများ အပြီးတိုင်ထွက်သွားကြရန် သတိပေးစာ ထုတ်ပြန်ထားသည်။