ကျိုက်ထိုမြို့ရှိ အကောက်ခွန်ရုံး နှင့် စည်ပင်ရုံးကို ဒေသကာကွယ်ရေးအဖွဲ့က သတိပေးသည့်အနေဖြင့် ဗုံးဖောက်ခွဲ

အကောက်ခွန်ရုံး
အကောက်ခွန်ရုံး
ကျိုက်ထိုမြို့ရှိ အကောက်ခွန်ရုံး နှင့် စည်ပင်ရုံးကို ဒေသကာကွယ်ရေးအဖွဲ့က သတိပေးသည့်အနေဖြင့် ဗုံးဖောက်ခွဲ
ဇန်နဝါရီ 31, 2022 | အခြားဒေသများ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ အကောက်ခွန်ရုံးနှင့် စည်ပင်ရုံးတို့ ယနေ့ဇန်နဝါရီလ(၃၁)ရက်၊ နံနက်ပိုင်းက ဗုံးနှစ်လုံးဆင့်ပေါက်မှု ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

ဗုံးပေါက်တော့ ကားတွေကို ပိတ်စစ်ဆေးတယ်။ ကားလမ်း ပိတ်သွားတယ်။ စစ်ခွေးတွေလည်း တော်တော်လေး အလုပ်ရှုပ်သွားတယ်။

 ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

စည်ပင်ရုံး

အဆိုပါ ဖောက်ခွဲမှုကို Kyaikhto Revelation Force(KRF) မှ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပြီး သတိပေးဖောက်ခွဲခြင်းဖြစ်သဖြင့် လူထိခိုက်မှုတော့ မရှိခဲ့ဟု သိရသည်။

KRF အနေဖြင့်လည်း ဇန်နဝါရီလ(၁၁)ရက်ကတည်းက စစ်ကောင်စီ လက်အောက်ခံ အစိုးရရုံးများနှင့် Non-CDM ဝန်ထမ်းများ၏ အနီးအနားသို့ မသွားကြရန် ထုတ်ပြန်ထားသည်။

ဒါ့အပြင် ဖေဖော်ဝါရီလ(၁)ရက်တွင် ပြုလုပ်မည့် အာဏာသိမ်းစစ် အုပ်စု၏ တပ်ထောက်ခံပွဲကို ပြည်သူများသွားလာရပ်ကြည့်ခြင်း မပြုလုပ်ရန်နှင့် အဆိုပါပွဲတွင် ထိခိုက်မှု တစ်စုံတစ်ရာရှိခဲ့ပါက တာဝန်ယူမည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။