ရန်ကုန်မြို့၊ စမ်းချောင်း၊ ဈေးလမ်းတွင် လူငယ်(၁၀)ဦးဝန်းကျင် ယနေ့ ဇန်နဝါရီလ(၂၉)ရက်၊ ညနေ(၄)နာရီဝန်းကျင်က သေနတ်ဒင်များဖြင့်ရိုက်နှက်ကာ ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။
ဖမ်းဆီးခံရချိန်တွင် လူငယ်များကို သေနတ်များနှင့်ချိန်ပြီး သေနတ်ဒင်များနှင့် ပြင်းထန်စွာ ရိုက်နှက်ကာ ကားပေါ်ပစ်တင်ကြပြီးနောက်ကားပေါ်တွင်လည်း ကန်ကြောက်ရိုက်နှက်ကြကြောင်း သိရသည်။
"စစ်ကား(၄)စီးနဲ့ လာဖမ်းတာ။ ဘာကြောင့်လဲဆိုတာကို မသိရဘူး။ အပြင်လည်း ထွက်မကြည့်ရဲဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။
ထို့နောက်သေနတ်များဖြင့် ပတ်ဝန်းကျင်ကို ချိန်ကာ ဓါတ်ပုံ၊ ဗီဒီယို မရိုက်ကြရန် အကြမ်းဖက်စစ်ကောင်စီတပ်က အော်ဟစ်ဆဲဆိုခဲ့ကြသည်ဟု ဆိုသည်။
ကမာရွတ်မြို့နယ်၊ ရွှေပုန်းညှက်ရိပ်မွန်အိမ်ရာဝင်းတွင်လည်း ယနေ့ဇန်နဝါရီလ(၂၉)ရက်၊ မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ကဘဝင်ရောက်စီးနင်း ပစ်ခတ်သဖြင့် လူငယ်တစ်ဦးသေဆုံးကာ (၄)ဦး ဖမ်းဆီးခံရသည်ဟု သိရသည်။