တမူး (၄)မိုင်စစ်ဆေးရေးဂိတ်ကို  ဒေသကာကွယ်ရေးအဖွဲ့ (၃)ဖွဲ့ပေါင်းပြီး တိုက်ခိုက် 

Photo: တမူး PDF
Photo: တမူး PDF
တမူး (၄)မိုင်စစ်ဆေးရေးဂိတ်ကို  ဒေသကာကွယ်ရေးအဖွဲ့ (၃)ဖွဲ့ပေါင်းပြီး တိုက်ခိုက် 
ဇန်နဝါရီ 29, 2022 | အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ တမူးမြို့၊ (၄) မိုင်စစ်ဆေးရေးဂိတ်ရှိ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့အား  ဒေသကာကွယ်ရေးအဖွဲ့များက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၂၇)ရက်နေ့က သွားရောက် တိုက်ခိုက်ရာ ပျူစောထီးအဖွဲ့က အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ ပူးပေါင်းတိုက်ခိုက်သည်ဟု သိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်ကြသည့် တမူးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၄)၊ ဗမာ့ကျောင်းသားအဖွဲ့အစည်း(BSO)နှင့် ပ.က.ဖ(တမူး)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားစဉ် (၄) မိုင် စစ်ဆေးရေးဂိတ်သို လာရောက်ပူးပေါင်းသည့် ပျူစောထီးများအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်တွင် အထိအခိုက်မရှိကြောင်း တမူး PDF က သတင်းထုတ်ပြန်သည်။

ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် တမူးမြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ တပ်ရင်း(၄)၊ ဗမာ့ကျောင်းသားအဖွဲအစည်း(BSO)နှင့် ပ.က.ဖ(တမူး)တို့ ပူးပေါင်း၍ တော်လှန်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။