တန့်ဆည်မြို့မှ ရွှေဒေါင်းမင်းဆီဆိုင်ကို တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့က ဝင်ရောက် ပစ်ခတ်

ပုံအညွှန်း -  အာဏာသိမ်းစစ်ကောင်စီက လုံခြုံရေးအနေဖြင့် ပေးထားသည့် လုပ်သေနတ်တစ်လက်နှင့်ကျည်ကို သိမ်းဆည်းရမိခဲ့
ပုံအညွှန်း - အာဏာသိမ်းစစ်ကောင်စီက လုံခြုံရေးအနေဖြင့် ပေးထားသည့် လုပ်သေနတ်တစ်လက်နှင့်ကျည်ကို သိမ်းဆည်းရမိခဲ့
တန့်ဆည်မြို့မှ ရွှေဒေါင်းမင်းဆီဆိုင်ကို တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့က ဝင်ရောက် ပစ်ခတ်
ဇန်နဝါရီ 20, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှ ရွှေဒေါင်းမင်းစက်သုံးဆီဆိုင်ကို ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၀) ရက်နေ့ နေ့လယ် (၁)နာရီဝန်းကျင်တွင် တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ (TPC)က ဝင်ရောက် ပစ်ခတ်မှုအတွင်း အာဏာသိမ်းစစ်ကောင်စီက လုံခြုံရေးအနေဖြင့် ပေးထားသည့် လုပ်သေနတ်တစ်လက်နှင့်ကျည်ကို သိမ်းဆည်းရမိကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါစက်သုံးဆီဆိုင်သည် အာဏာသိမ်းစစ်ကောင်စီအား ထောက်ပံ့၍ တိုက်ခိုက်ခြင်းဖြစ်သည်ဟု TPC က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

နေ့လယ်ပိုင်းက အဆိုပါတိုက်ခိုက်မှုအတွင်း စက်သုံးဆီဆိုင် မီးလောင်မှုလည်းဖြစ်ပွားခဲ့ကြောင်း သိရပြီး အပြန်အလှန်ပစ်ခတ်မှုအတွင်း ထိခိုက်မှုရှိ၊ မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ပစ်ခတ်မှုများအပြီးတွင် မြို့တွင်း ရှာဖွေစစ်ဆေးခြင်း၊ ကင်းပုန်းများစောင့်ခြင်းများလုပ်နေ၍ အများပြည်သူအနေဖြင့် မလိုအပါဘဲ အိမ်ပြင်မထွက်ကြရန်ကိုလည်း ပြန်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်ကို တွေ့ရသည်။