မန္တလေးတွင် ရပ်ကွက်မှူးနေအိမ် ဗုံးခွဲခံရ၍ လာစစ်သည့် အာဏာသိမ်းစစ်တပ် ကား(၂)စီး ထပ်မံ မိုင်းဆွဲခံရ

မန္တလေးတွင် ရပ်ကွက်မှူးနေအိမ် ဗုံးခွဲခံရ၍ လာစစ်သည့် အာဏာသိမ်းစစ်တပ် ကား(၂)စီး ထပ်မံ မိုင်းဆွဲခံရ
ဇန်နဝါရီ 10, 2022 | အခြားဒေသများ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၇လမ်း၊ ၅၇လမ်းနှင့် ၅၈လမ်းကြားရှိ တစညပါတီဝင်၊ ရပ်ကွက်မှူး၏နေအိမ်ကို ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့ နံနက်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် လာစစ်သည့် အာဏာသိမ်းတပ်၏ စစ်ကားနှစ်စီးပါ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

ဗုံးဖောက်ခွဲခံရသည့် အိမ်သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဝင်၊ ရပ်ကွက် အကွက်မှူးလည်းဖြစ်သူ ဦးအောင်စိန်၏ နေအိမ်ဖြစ်ပြီး လူထိခိုက်မှု မရှိကြောင်း သိရသည်။

 'အုံး' သံအကျယ်ကြီးပဲ နှစ်ခါကြားလိုက်ရတယ်။ ဒလန်တော့သေ မသွားဘူး

ဟု ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

လာရောက်စစ်ဆေးချိန်တွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကားတစ်စီးထိသွားပြီး ထိခိုက်သေဆုံးမှု အခြေအနေ မသိရဟု တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် Dragon Warrior မြို့ပြပျောက်ကြားအဖွဲ့က ထုတ်ပြန်သည်။

မန္တလေးတွင် ယမန်နေ့ကလည်း ဗုံးပေါက်ကွဲမှုများဖြစ်ခဲ့ပြီး တင်းကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်နေသည်။