မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ဆီအုန်းခြံတစ်ခုတွင် တပ်စွဲထားသည့် အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီ၏ စစ်တပ်အင်အား (၄၀) ကျော်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ နံနက်ပိုင်းက ဒေသကာကွယ်ရေး (၂)ဖွဲ့ပူးပေါင်း၍ တိုက်ခိုက်ရာ အာဏာသိမ်းတပ်ဘက်က အထိနာသွားပြီး အင်အားဖြည့်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း သိရသည်။
ကျိုက်ထို၊ မဲရုံကြီးရွာက အကြီးစားဒလန် အောင်ကြည် ဗိုက်ပွင့်သေတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်သား(၆)ယောက်လောက်ကို လူနာတင်ယာဉ်နဲ့ သယ်သွားတာ တွေ့လိုက်တယ်။
ဟု ဝေါမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက Tachileik News Agency သို့ ပြောသည်။
ယင်းနောက် ညနေ (၃)နာရီခွဲဝန်းကျင်တွင် ကျိုက်ထိုမြို့အထွက် သရက်ကုန်းကျေးရွာနှင့် ကျူချောင်တိုးဂိတ်အကြား၌ အာဏာသိမ်းစစ်တပ်အင်အား အများအပြားဖြ်င့ စစ်ဆေးမှုများ ပြုလုပ်နေသည်ကို တွေ့ရကြောင်း သိရသည်။
ဆီအုံးခြံအတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပဲခူးတိုင်းမှ ဝေါ PDF ၊ မွန်ပြည်နယ်မှ ကျိုက်ထို PDF တို့ ပူးပေါင်းတပ်ဖွဲ့ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့မှုအတွင်း အာဏာသိမ်းစစ်တပ်ဘက်မှ သေဆုံးမှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်ကြောင်း သိရသည်။
ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိခဲ့ဘဲ အထိနာသွားသည့် အာဏာသိမ်းစစ်တပ်က အင်အားဖြည့်၍ ထိုးစစ်ဆင်ရန်ပြင်ဆင်နေသည်ဟု သိရသည်။