သရုပ်ဆောင် ဒါရိုက်တာ လူမင်းနှင့် သရုပ်ဆောင် ရဲတိုက်တို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီချမှတ်

သရုပ်ဆောင် ဒါရိုက်တာ လူမင်းနှင့် သရုပ်ဆောင် ရဲတိုက်တို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီချမှတ်
ဒီဇင်ဘာ 30, 2021 | အခြားဒေသများ

 အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထားသည့် သရုပ်ဆောင် ဒါရိုက်တာ လူမင်းနှင့် သရုပ်ဆောင် ရဲတိုက်တို့အား ထောင်တွင်း တရားရုံးက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃)နှစ်စီ ချမှတ်လိုက်သည်။

အဆိုပါ သရုပ်ဆောင်နှစ်ဦးမှာ အာဏာသိမ်းဆန့်ကျင်မှုတွင် ပါဝင်မှုဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ က ဖြင့် အမြင့်ဆုံး ပြစ်ဒဏ်များ ချမှတ်ခံရခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်က သရုပ်ဆောင် လူမင်းကို မတ်လအတွင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သရုပ်ဆောင်ရဲတိုက်ကို ဧပြီလအတွင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းဆန့်ကျင်မှုဖြင့် ဧပြီလ (၈)ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် သရုပ်ဆောင် ပိုင်တံခွန်ကိုလည်း ဒီဇင်ဘာလ (၂၇) ရက်နေ့က ပုဒ်မ ၅၀၅-က ဖြင့် အမြင့်ဆုံးပြစ်ဒဏ် အလုပ်ကြမ်းနှင့် ထောင်ဒဏ်( ၃)နှစ်ချမှတ်ထားခြင်းဖြစ်သည်။