ဝမ်းတွင်းမြို့နယ်အတွင်း မီးရထားလမ်းတွင် အာဏာသိမ်းတပ်က သိမ်းဆည်းသွားသည့်မိုင်းမှာ လက်လုပ်မိုင်းအယောင်ဆောင်ထားသည့် အီးမိုင်းဖြစ်နေ

ဝမ်းတွင်းမြို့နယ်အတွင်း မီးရထားလမ်းတွင် အာဏာသိမ်းတပ်က သိမ်းဆည်းသွားသည့်မိုင်းမှာ လက်လုပ်မိုင်းအယောင်ဆောင်ထားသည့် အီးမိုင်းဖြစ်နေ
ဒီဇင်ဘာ 12, 2021 | အခြားဒေသများ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်း  ရန်ကုန် - မန္တလေးမီးရထားလမ်းပေါ် ဒီဇင်ဘာလ (၈) ရက်နေ့၏ ပေါက်ကွဲမှုအတွင်း မကွဲဘဲကျန်နေ၍ အာဏာသိမ်းတပ်က သိမ်းဆည်းသွားသည့် လက်လုပ်မိုင်းဆိုသည်မှာ မိုင်းအယောင်ဆောင်၍ ချထားသည့် အီးမိုင်းဖြစ်ကြောင်း သိရသည်။

"PVC ပိုက်နဲ့  လက်လုပ်မိုင်း ပုံစံလုပ်ပြီး  အဲထဲမှာ ယမ်းမထည့်ဘဲ ချီးပါထည့်ခဲ့တာ။ မိုင်းလုပ်ပြီး မပေါက်ကွဲဟန်နဲ့ သံလမ်းအောက်ထားခဲ့တာ။ အဲဒီကောင်တွေ အဲဒါကို ယူသွားတယ်ဗျာ။ ဒီကောင်တွေ သက်သေအဖြစ်ယူပြီး သူတို့စခန်းရောက်ရင် ကြည့်မှာပဲ"ဟု ဝမ်းတွင်းမြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးအင်အားစု(WTRF)က  Tachileik News Agency သို့ ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် ပြောသည်။

ဝမ်းတွင်းမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်မှ ရိက္ခာနှင့်လက်နက်များ ပို့ဆောင်ရေးအတွက် သပြေတောင်းဘူတာနှင့် စမုံဘူတာအကြား  ရထားလမ်းအား အသုံးပြုနေခြင်းကြောင့် ဝမ်းတွင်းမြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးအင်အားစု(WTRF)က ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့က မိုင်းခွဲဖျက်ဆီးခဲ့ပြီး မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးကို အာဏာသိမ်းတပ်က သိမ်းဆည်းသွားခဲ့ခြင်းဖြစ်သည်။