တန့်ဆည်မြို့နယ် ကံထူးမတွင် တိုက်ပွဲမရှိဘဲ အာဏာသိမ်းတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်

တန့်ဆည်မြို့နယ် ကံထူးမတွင် တိုက်ပွဲမရှိဘဲ အာဏာသိမ်းတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်
နိုဝင်ဘာ 23, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ကံထူးမကျေးရွာအတွင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့တွင် အာဏာသိမ်းစစ်တပ်က  တိုက်ပွဲမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

အာဏာသိမ်းတပ်သည် ယနေ့ နေ့လယ် (၂)နာရီဝန်းကျင်တွင် ဆပ်ပြာအိုင်ကျေးရွာ၊ ကျောင်းကုန်းကျေးရွာများမှတစ်ဆင့် ကံထူးမရွာသို့ ရောက်လာကြပြီး ဘောလုံးကွင်းအတွင်း တပ်စွဲကာ ညနေ (၃)နာရီ မိနစ် (၂၀)ဝန်းကျင် ကျေးကန်ရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်ကြီးကျည်မှာ ကျေးကန်ရွာအနီး လယ်ကွင်းအတွင်းကျရောက်ခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ကြောင်း နှင့် အာဏာသိမ်းတပ် သွားလာရာလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများမှာ လယ်ယာလုပ်ငန်းများပစ်ပြီး ထိတ်လန့်တကြား ထွက်ပြေးပုန်းရှောင်နေကြရကြောင်း သိရသည်။