ရန်ကုန်မှ ရဲ CDM တစ်ဦး မြဝတီရဲစခန်းကို ပြန်ဝင်ပြီး သတင်းပေးလုပ်နေ

ရန်ကုန်မှ ရဲ CDM တစ်ဦး မြဝတီရဲစခန်းကို ပြန်ဝင်ပြီး သတင်းပေးလုပ်နေ
နိုဝင်ဘာ 18, 2021 | အခြားဒေသများ

ရန်ကုန်မှ ရဲ CDM တစ်ဦး မြဝတီရဲစခန်းကို ပြန်ဝင်ပြီး သတင်းပေးလုပ်နေ

ရန်ကုန်မှ CDM လုပ်လာသည့် ရဲတစ်ဦးဖြစ်သည့် တင်မင်းထွန်းသည် ယမန်နေ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့က ကရင်ပြည်နယ် မြဝတီမြို့မှ ရဲစခန်းသို့ ပြန်ဝင်ပြီး သတင်းပေးလုပ်နေကြောင်း သိရသည်။

မနေ့က မြဝတီရဲစခန်းကို ပြန်သွားအဖမ်းခံခဲ့တဲ့ CDM ရဲပါ ။ သူနဲ့ပတ်သက်တဲ့သူ အကုန်လုံးကို ရှာဖွေဖမ်းဆီးနေပါတယ်။ ဆက်သွယ်ဖူးတဲ့သူတွေ ဂရုစိုက်ပေးပါ

ဟု Captain Zero က သတိပေးရေးသားထားသည်ကို တွေ့ရသည်။

အဆိုပါ CDM ရဲ၏ သတင်းပေးချက်အရ အာဏာသိမ်းအဖွဲ့က ရှာဖွေဖမ်းဆီးမှုများလုပ်နေသည်ဟု သိရသည်။