စဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီခန့် ဟင်္သာမကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

စဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီခန့် ဟင်္သာမကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ
နိုဝင်ဘာ 7, 2021 | အခြားဒေသများ

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ဟသ်ာမကျေးရွာအုပ်စုတွင် စစ်တပ်ခေါ်ပြီဂ သောင်းကျန်းခဲ့သူ  စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးခင်မောင်သန်းသည် ယနေ့ နံနက်(၅)နာရီဝန်းကျင်က သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်းသိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည်  စိုက်ပျိုးမြေသွားရန် ကျေးရွာမှ ထွက်ခွာစဥ် ၎င်း၏တူဖြစ်သူနှင့်အတူ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

အုပ်ချုပ်ရေးမှူးက ခေါင်းမှန်တယ်။ သူ့တူက သေနတ်နဲ့ပစ်တဲ့သူကို ဝင်လုံးလို့ လည်ပင်းနှစ်ချက် အပစ်ခံလိုက်ရတယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အုပ်ချုပ်ရေးမှူးမှာ နေရာတွင် သေဆုံးသွားပြီး ၎င်းတူဖြစ်သူမှာ သတိရနေဆဲဖြစ်ကြောင်းနှင့် စဉ့်ကူးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။

ထို့အပြင် ယမန်နေ့ညကလည်း ဟသ်ာမကျေးရွာ၏ အနီးနားရွာဖြစ်သည့်   ကျွန်းကြီးကျေးရွာရှိ Mytel တာဝါတိုင်မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းသိရသည်။