တောင်ကိုရီးယားနိုင်ငံတွင် ဒယ်ဂူးဘုန်းဘုန်း နှင့် ကိုရီးယားနိုင်ငံသားများက မြန်မာ့နိုင်ငံအရေး ကူညီထောက်ပံ့ရေးအတွက် ရန်ပုံငွေရှာဖွေ

တောင်ကိုရီးယားနိုင်ငံတွင် ဒယ်ဂူးဘုန်းဘုန်း နှင့် ကိုရီးယားနိုင်ငံသားများက မြန်မာ့နိုင်ငံအရေး ကူညီထောက်ပံ့ရေးအတွက် ရန်ပုံငွေရှာဖွေ
နိုဝင်ဘာ 6, 2021 | အခြားဒေသများ

 တောင်ကိုရီးယားနိုင်ငံတွင် နွေဦးတော်လှန်ရေးဆရာတော်(ဒယ်ဂူးဘုန်းဘုန်း)ဦးဆောင်သည့် မြန်မာ့အရေး အားပေးကူညီနေသည့် ကိုရီးယားနိုင်ငံသားများနှင့် ကိုရီးယားရောက် မြန်မာများ  စုပေါင်းပြီး မြန်မာနိုင်ငံအရေးကူညီထောက်ပံ့ရေးအတွက် ရန်ပုံငွေရှာဖွေရေးအဖြစ် ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၆)ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ(၄)နာရီတွင်  အူဆန်မြို့ရှိ ထည်ဝါဂန်ပန်းခြံ၌ လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

ပြည်သူကရွေးချယ်ထားသည့် အစိုးရကို စစ်တပ်က လက်နက်အားကိုးဖြင့် မတရားအာဏာသိမ်းယူထားမှုအား လက်မခံနိုင်ကြ၍ မြန်မာ့အရေး အားပေးကူညီနေသည့် ကိုရီးယားနိုင်ငံသားများနှင့် ကိုရီးယားရောက် မြန်မာများက နွေဦးတော်လှန်ရေးဆရာတော်(ဒယ်ဂူးဘုန်းဘုန်း)ဦးဆောင်မှုဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ကြာသပတေးနေ့များ၏ ညနေတိုင်းတွင် ကြွေးကြော်ဆန္ဒပြမှုများကို လုပ်ဆောင်လေ့ရှိသလို ယခုလို ရန်ပုံငွေရှာဖွေရေးများလ