စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်အပိုင်း မန္တလေး - ဗန်းမော်လမ်းပိုင်းတွင် အာဏာသိမ်းစစ်တပ်က ညပိုင်းတွင် အိမ်စီးကားဖြင့် ပြည်သူဟန်ဆောင်ပြီး မောင်းလာသည့်အတွက် PDF ပြောက်ကျားအဖွဲ့ဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်အတွင်း ည(၈)နာရီမှ မနက်(၄)နာရီအတွင်း ညပိုင်းများတွင် ခရီးသယ်တင်ယာဉ်များ၊ ကား/ဆိုင်ကယ်များသွားလာမှုမပြုလုပ်ရန် ထီးချိုင့်(PDF)က မေတ္တာရပ်ခံ ထုတ်ပြန်အသိပေးထားသော်လည်း ၂၀၂၁ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့ ညပိုင်းက မန္တလေး - ဗန်းမော်လမ်းပိုင်းတွင် Kenda ကားတစ်စီးသည် ထုတ်ပြန်ချက်ကို မလိုက်နာပဲ မောင်းလာသည့်အတွက် PDF ပြောက်ကျားအဖွဲ့က လက်နက်ငယ်များဖြင့် အသံပေးရပ်တန့်ခိုင်းသည်ကို အဆိုပါ ယာဉ်သည် ရပ်တန့်မပေးဘဲ ကားပေါ်ကနေ ပြန်လည်ပစ်ခတ်ကြောင်း သိရသည်။
နှစ်ဖက်ပစ်ခတ်မှုမှာ အချိန်အနည်းငယ်ဖြစ်ပွားခဲ့ကြောင်း နှင့် အာဏာသိမ်းစစ်တပ်သည် နေ့ပိုင်းတွင် ဗုံးပေါက်ခွဲခံရမှုများ ကြုံနေရသည့်အတွက် ညပိုင်းများတွင် ပြည်သူဟန်ဆောင်ပြီး အိမ်စီးကားများဖြင့် သွားလာမှုများ လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။
ည(၈)နာရီမှ မနက်(၄)နာရီအတွင်း ညပိုင်းများတွင် ယာဉ်များ လုံခြုံရေးအရ သွားလာမှု မပြုလုပ်ရန် တားမြစ်ထားသည်ကို မလိုက်နာဘဲ သွားလာပါက မည်သည့်ယာဉ်ကိုမှ တာဝန်ယူမည်မဟုတ်ကြောင်း ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားရှိသည်။
ဆက်စပ်သတင်း
ထီးချိုင့်မြို့နယ်အတွင်း ယာဉ်နှင့်ခရီးသည်တင်ယာဉ်များ ညဘက်သွားလာမှု မပြုလုပ်ရန် PDF က အသိပေး