ကယားပြည်နယ်တွင်း တစ်နေ့တာ သတင်းအကျဥ်းချုပ်
[ ၂၀၂၁ ခုနှစ်၊ မေလ ၂၀ ရက်နေ့ ည(၁၁) နာရီထိ ]
⭕ ဒီးမော့ဆိုမြို့နယ် (၆) မိုင်စံပြကျေးရွာ၊ ကယောပိုင်းတွင် ညနေ (၃)နာရီကျော်ဝန်းကျင်က အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲအဖွဲ့က လူငယ် (၅) ဦးကို နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးသွားသည်။
⭕ ဒီးမော့ဆိုမြို့ မားနာပလော့ရပ်ကွက်တွင် နာရေးပြုလုပ်နေသော နေအိမ်၌ ကူညီလုပ်ဆောင်ပေးနေသည့် သူများထဲမှ အမျိုးသား(၈)ဦးကို အမေးမြန်းမရှိဘဲ အာဏာသိမ်း အဖွဲ့၏ လက်နက်ကိုင်များမှ နံနက် (၁၀)နာရီကျော်အချိန်က ဝင်ရောက်ဖမ်းဆီးသွားသည်။
⭕ လွိုင်ကော်မြို့ နမ့်ကွက်ရပ်ကွက် ဘီလူးချောင်းအတွင်း ရေကူးပြိုင်ဆော့၍ ရေနစ်ပျောက်ဆုံးနေသော လူငယ်မှာ (၂)ဦးမဟုတ်ဘဲ (၃)ဦးဖြစ်နေပြီး လတ်တလောတွင် (၂)ဦး၏ ရုပ်အလောင်းအား ရှာဖွေဆယ်တွေ့ရှိပြီး ကျန်(၁)ဦးအား ဆက်လက်ရှာဖွေနေသည်။
⭕ စစ်အာဏာရှင်များအတွက် ရွေးကောက်ပွဲကျင်းပပေးရန် ပြင်ဆင်နေသည့် UEC နှင့် ပူးပေါင်းဆောင်ရွက်ရန်မရှိကြောင်း ကယန်းအမျိုးသားပါတီက ပါတီ (၁၀)နှစ်ပြည့်တွင် ထုတ်ပြန်ထားသည်။
⭕ ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ( KNPP)၏ အမှတ်(၂)ခရိုင် အမှတ်(၁)မြို့နယ်ရှိ သဲတောင်တွင် ယနေ့ နံနက် (၅)နာရီမှ (၈)နာရီကျော်ထိ အာဏာသိမ်း စစ်ကောင်စီ၏ တပ်များနှင့် (၃)နာရီကြာတိုက်ပွဲ ဖြစ်ပွားခဲ့သည်။
⭕ လွိုင်ကော်မြို့ ပြည်သူများစုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ပျောက်ကြားသပိတ်နှင့် ထူဒူငံသကျေးရွာမှ ပန်းသပိတ်များ ပြုလုပ်သည်။
⭕ ယနေ့ တစ်နေ့တာအတွင်း ညနေပိုင်းအထိ ဒီးမော့ဆိုမြို့နယ်အတွင်း (၆) မိုင်စံပြကျေးရွာ၊ ကယောပိုင်း နှင့် မားနာပလော့ရပ်ကွက်တို့တွင် (၆) မိုင်စံပြကျေးရွာ၊ ကယောပိုင်းမှ လူငယ်(၅)ဦး၊ မားနာပလော့ရပ်ကွက်မှ လူငယ်(၈)ဦး စုစုပေါင်း (၁၃)ဦး ဖမ်းခံထားရသည်။
⭕ လွိုင်ကော်မြို့ ပေါ်ရှိ ရပ်ကွက်အချို့တွင် ညပိုင်း (၈) နာရီဝန်းကျင်မှစ၍ သေနတ်ပစ်ခတ်သံတွေ ကြားနေရသည်။