တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့တွင် ရောင်းချနေသည့် ညဈေးများအားလုံးကို ရှမ်းရိုးမကွင်းအတွင်းသို့ ပြောင်းရွှေ့ရောင်းချခွင့်ကို ဧပြီလ(၂၂)ရက်နေ့က စ၍ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အသိပေးထားရှိသည်။
၂၀၂၀ခုနှစ်အတွင်းကစ၍ ဖြစ်ပွားခဲ့သည့် Covid-19 အခြေအနေကြောင့် ရှမ်းရိုးမကွင်းအတွင်းရှိ ညဈေးများကို ရှမ်းရိုးမကွင်းရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးသို့ ထုတ်ထားလိုက်ရာမှ (၁)နှစ်ကျော်ဖြစ်သည့် ၂၀၂၁ခုနှစ် ဧပြီလ(၂၂)ရက်နေ့ နေ့လည်(၂)နာရီအချိန်က စ၍ ပြောင်းရွှေ့ရောင်းချခွင့် ပြုထားခြင်း ဖြစ်သည်။
ယခုအခါမှာ အာဏာသိမ်းစစ်ကောင်စီမှ ထုတ်ပြန်ထားသည့် အမိန့်များအရ ည(၈)နာရီနောက်ပိုင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့်အတွက် ရှမ်းရိုးမကွင်းအတွင်းရှိ ညဈေးများအားလုံးသည် ဧပြီလ(၂၂)ရက်နေ့က စတင်ကာ နေ့စဉ် နေ့လည်(၂)နာရီအချိန်မှ စ၍ ည(၈)နာရီအထိသာ ရောင်းချခွင့်ရှိမည်ဖြစ်ကြောင်း အသိပေးထားကြခြင်း ဖြစ်သည်။