တာချီလိတ်မြို့တွင် CDM လုပ်ဆောင်နေသည့် ဝန်ထမ်း(၄)ဦးကို Tachileik CDM Support အဖွဲ့က ထပ်မံထောက်ပံ့ပေး၊ ယနေ့အထိ စုစုပေါင်း (၉၇)ဦးကို ထောက်ပံ့ပေးထား

တာချီလိတ်မြို့တွင် CDM လုပ်ဆောင်နေသည့် ဝန်ထမ်း(၄)ဦးကို Tachileik CDM Support အဖွဲ့က ထပ်မံထောက်ပံ့ပေး၊ ယနေ့အထိ စုစုပေါင်း (၉၇)ဦးကို ထောက်ပံ့ပေးထား
မတ် 1, 2021 | ရှမ်းရှေ့

စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ကာ CDM(Civil Disobedience Movement)၌ ပါဝင်နေသော  ဝန်ထမ်းများထဲက (၄)ဦးကို ထပ်မံ၍ ယနေ့ မတ်လ(၁)ရက်နေ့တွင် တစ်ဦးလျှင် ကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်(၄)သိန်း နှင့် ဆန်အိတ်များကို Tachileik CDM Support အဖွဲ့က  ထောက်ပံ့ပေးထားရာ စုစုပေါင်း (၉၇)ဦးကို ထောက်ပံ့ပေးထားကြောင်း သိရသည်။

ယနေ့ ထောက်ပံ့လှူဒါန်းပေးလိုက်သည့် ဝန်ထမ်း(၄)ဦးမှာ ဆက်သွယ်ရေးမှ (၂)ဦး နှင့် ကျန်းမာရေးမှ (၂)ဦးတို့ဖြစ်သည်။



 Tachileik CDM Support က တာချီလိတ်မြို့တွင် CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများထဲက ကျန်းမာရေးဝန်ထမ်း (၇၁)ဦး၊ စည်ပင်ဝန်ထမ်း (၁၉)ဦး၊ မြန်မာ့စီးပွားရေးဘဏ်မှ (၅)ဦး နှင့် ဆက်သွယ်ရေးမှ (၂)ဦး စုစုပေါင်း (၉၇)ဦးကို တစ်ဦးလျှင် ကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်(၉၇)သိန်း နှင့် ဆန်ဆီများကို ထောက်ပံ့ပေးထားကြောင်း သိရသည်။

 

တကယ်တမ်းတွင် တာချီလိတ်၌ CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများမှာ (၄၀၀)ကျော်အထိ ရှိကြောင်းသိရပြီး အများဆုံးမှာ ကျန်းမာရေး နှင့် ပညာရေးဌာနတို့က ဖြစ်ကြောင်း သိရသည်။

  

တာချီလိတ်တွင်  CDM ဝန်ထမ်းများ အခက်အခဲဖြစ်လာပါက  အကူအညီတောင်းခံလိုသည်ဖြစ်စေ စေတနာရှင်များ ပါဝင်လှူဒါန်းလိုသည်ဖြစ်စေ Tachileik CDM Support အဖွဲ့၏  မြန်မာဖုန်း - 09457223232,  09661471550 နှင့်  ထိုင်းဖုန်း - 0983388093 0804299028 , 0629211240  သို့ ဆက်သွယ်နိုင်သည့်အပြင် ၎င်းတို့၏ Facebook ( https://www.facebook.com/cdmtachileik ) သို့လည်း ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

Tachileik CDM Support အား တာချီလိတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့ခံပြည်သူများဖြင့် ဖွဲ့စည်းထားပြီး စေတနာရှင်များမှ ပါဝင်လှူဒါန်းလာမှုများကို အခက်အခဲဖြစ်နေသည့် CDM ဝန်ထမ်းများအား စနစ်တကျ လှူဒါန်းပေးနေခြင်း ဖြစ်ကြောင်း သိရသည်။



Tachileik News Agency