အာဏာသိမ်း စစ်ကောင်စီလက်ထက် ရက်ပေါင်း (၂၀)အတွင်း သေဆုံးခဲ့ရသူ (၆)ဦးအတွက် ကျိုင်းတုံ Gen Z လူငယ်များက ဝမ်းနည်းကြောင်း အထိမ်းအမှတ်ပြုလုပ်

 အာဏာသိမ်း စစ်ကောင်စီလက်ထက် ရက်ပေါင်း (၂၀)အတွင်း သေဆုံးခဲ့ရသူ (၆)ဦးအတွက် ကျိုင်းတုံ Gen Z လူငယ်များက ဝမ်းနည်းကြောင်း အထိမ်းအမှတ်ပြုလုပ်
ဖေဖော်ဝါရီ 20, 2021 | နိုင်ငံရေး| ရှမ်းရှေ့

 အာဏာသိမ်း စစ်ကောင်စီလက်ထက် ရက်ပေါင်း (၂၀)အတွင်း သေဆုံးခဲ့ရသူ (၆)ဦးအတွက် ကျိုင်းတုံ Gen Z လူငယ်များက ဝမ်းနည်းကြောင်း အထိမ်းအမှတ်ပြုလုပ်

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းထားသည့် ရက်ပေါင်း (၂၀) အတွင်း စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သည့်ဖြစ်စဉ်များနှင့်ပတ်သက်၍ သေဆုံးရသူ (၆) ဦးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ Gen Z လူငယ်များက ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့ ညနေ (၅)နာရီကျော်တွင် အာခါဈေးရှေ့ လေယာဉ်ကွင်း လမ်းမကြီးတွင်  ဝမ်းနည်းကြောင်း လွှမ်းသူ့ပန်းခွေချခြင်းကို ပြုလုပ်ကြသည်။

ဒီကာလမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တာနဲ့ပတ်သက်လို့ စုစုပေါင်း သေသွားတာက (၆)ယောက်ရှိပါပြီ။ ပထမတစ်ယောက်က မန္တလေးမှာ ဆန္ဒပြသူတွေကို ဖမ်းရင်း ကားတိုက်ခံရပြီး သေသွားတဲ့ ကိုနပွား (ခ) ကိုကိုဦး၊ နောက် နေပြည်တော်မှာ သေနတ်နဲ့ပစ်ခံရတဲ့ မမြသွဲ့သွဲ့ခိုင်၊ ကိုနေနေဝင်းထက်ကတော့ မြိတ်မှာ  (၁၅)ရက်နေ့က ရပ်ကွက်ကင်းစောင့်ရင်း ခေါင်းအရိုက်ခံရပြီး သေသွားရတယ်။  မစုစုနိုင်နဲ့ မကြည်ဖြူဦးကတော့ ကရင်ပြည်နယ် ဘားအံဒုက္ခသည်စခန်းထဲ မီးကွင်းပစ်ခံရတဲ့အိမ်ကနေ မီးလောင်ပြီး ဆုံးသွားတဲ့ ကလေး (၂) ယောက်လို့ ကျွန်တော်တို့ စာရင်းရပါတယ်။ ဒါကြောင့် သူတို့အားလုံးအတွက် လူငယ်အဖွဲ့က ဝမ်းနည်းရကြောင်း ဒီအစီအစဉ်ကို လုပ်ရတာဖြစ်ပါတယ်

ဟု ကျိုင်းတုံမြို့ Gen Z လူငယ်များမှ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 

လူငယ်များက နှင်းဆီပန်းများ အသီးသီးယူဆောင်လာကြကာ အဆိုပါ (၆) ဦးအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်ပြုလုပ်ကာ သွေးသစ္စာသီချင်းကို နှစ်ကြိမ်သီဆိုခဲ့ကြပြီး စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်ဟု သိရသည်။

Tachileik News Agency