မတ် 28, 2025 | သဘာဝဘေး
ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းက လှုပ်ခတ်သည့် အင်အားပြင်း ငလျင်ကြောင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်လည်း ပျက်စီးသွားသည်ဟု သိရသည်။
ထို့အပြင် ငလျင်ဒဏ်ကြောင့် မန္တလေးတက္ကသိုလ်လည်း ပြိုကျပြီး မီးလောင်နေကာ လူများပိတ်မိနေဟု သိရသည်။
မန္တလေးကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ထိခိုက်မှုအများဆုံးဖြစ်ခဲ့သည်။
#TachileikNewsAgency
Video : Internet