မြန်မာနှင့် ထိုင်းတွင် အင်အားပြင်းငလျင်လှုပ်ခတ် စစ်ကိုင်းတံတားကျိုးကျ

မြန်မာနှင့် ထိုင်းနိုင်ငံတို့တွင် အင်အားပြင်းငလျင် ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့ နေ့လယ်(၁)နာရီဝန်းကျင်တွင် လှုပ်ခတ်သွားခဲ့ပြီး ထိခိုက်ပျက်စီးမှုများဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် စစ်ကိုင်းတံတားဟောင်း ကျိုးကျသည်အထိ လှုပ်ခတ်သွားပြီး ထိုင်းနိုင်ငံတွင်လည်း ကွန်ဒိုများ အက်ကွဲခြင်းနှင့် ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ရစ်ချစတာစကေး (၇.၇) အဆင့်ရှိ ငလျင်သည် မန္တလေးမြို့ကို ဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်သည်ဟု သိရသည်။

 

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်လည်း ငလျင်လှုပ်ခတ်ခြင်းကြောင့် ကွန်ဒိုတိုက်ခန်းနေ ပြည်သူများ ဆင်းပြေးရသည်အထိ ဖြစ်ခဲ့ရသည်။

ငလျင်မှာ အင်အားပြင်းသဖြင့် တိုက်ခန်းနံရံများပြိုကျသည်အထိဖြစ်ပွားခဲ့ရပြီး မီးလိုင်းများလည်းပြတ်တောက် သွားခဲ့ရသည်။

#TachileikNewsAgency

Video: Khaing Zar Thin