ငလျင်ဒဏ်ခံစားခဲ့ရသည့် အင်းလေးဒေသ အခြေအနေ

အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် ပျက်စီးသွားသည့် ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသ အခြေအနေကို ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၉)ရက်နေ့တွင် မြင်တွေ့ရခြင်းဖြစ်သည်။

ငလျင်ကြောင့် အင်းလေးဒေသရှိ နေအိမ်များ ပြိုကျသွားပြီး လူဦးရေ (၆၀)ဝန်းကျင် သေဆုံးသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

"ကျေးရွာတစ်ခုတည်းတင် သေဆုံးသူ (၄၀)ကျော်ပါတယ်။ ရွာတွေရဲ့ အိမ်ခြေ (၇၅)ရာခိုင်နှုန်းလောက်ကို ပျက်တယ်လို့ ဆိုရမယ်။ ဒေသခံတွေကတော့ လှေပေါ်မှာ နေရတဲ့ အခြေအနေပါ။"ဟု အင်းလေးဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီ၏ ယနေ့နေ့လယ်ပိုင်းထုတ်ပြန်သောစာရင်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ သေဆုံးခဲ့ရသူ (၁၀၀၂)ဦး၊ ဒဏ်ရာရသူ (၂၃၇၆)ဦးနှင့် ပျောက်ဆုံးနေသူ (၃၀)ဦးရှိသည်ဟု ဖော်ပြထားသည်။

#TachileikNewsAgency

Video: Ze Ro