အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဟောင်းနှင့် အရာရှိများ ဖမ်းခံထားရကြောင်း စစ်ကောင်စီ ဝန်ခံ

 ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ တွင် အခြေစိုက်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ရှုံးပြီး ထွက်ပြေးလွတ်မြောက်နေသည့် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့် အပါအဝင် (၃)ဦးကို   MNDAA ပူးပေါင်းအဖွဲ့က ၂၀၂၄ခုနှစ် ဩဂုတ်လ(၄)ရက်နေ့တွင်   လက်ရအရှင် ဖမ်းမိမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က ဩဂုတ်လ(၄)ရက်နေ့ ညပိုင်းမှာပင် အတည်ပြု ဝန်ခံလာသည်။ 

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်သည် စစ်ယူနီဖောင်းဖြင့် မဟုတ်ဘဲ အရပ်ဝတ်ဖြင့် ထွက်ပြေးလာစဉ် MNDAA ပူးပေါင်းတပ်များက ဖမ်းဆီးရမိခြင်း ဖြစ်သည်။

တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့် အပါအဝင် စကခ(၁)မှ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ကို  ဖမ်းဆီးရမိခြင်း ဖြစ်သည်။