ရွှေဘိုမြို့နယ်အနောက်ခြမ်းတွင် ပျူစောထီးများစုဝေးနေချိန် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ပျူစောထီး၂ ဦးသေဆုံး

ရွှေဘိုမြို့နယ် အနောက်ခြမ်း ညောင်ကိုင်းကျေးရွာတွင် ၂၀၂၄ခုနှစ် ဧပြီလ ၁၆ ရက်နေ့ မနက် ၈နာရီ ၂၀ မိနစ်တွင် တည်သီးတော၊ မြင်းစီး၊ ကုတိုးဆိပ်မှ ပျူစောထီး ပြည်သူ့စစ်ခေါင်းဆောင်များနှင့် တပ်ဖွဲ့ဝင်များ စုစည်းရောက်နေကြောင်း သတင်းရရှိသဖြင့် ဒရုန်းလေးစီးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးနှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဧပြီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။

Fixed Wings နည်းပညာ Drone နှစ်စီးနှင့် Multirotor Drone နှစ်စီးဖြင့် ဗုံးသီး ၇လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညောင်ကိုင်းကျေးရွာမှ ထွန်းဝေနှင့် ကွမ်တီညို အမည်ရှိ ပျူစောထီးနှစ်ဦး သေဆုံးခဲ့ပြီး နာမည်မသိသည့် ပျူစောထီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တိုက်ခိုက်မှုအပြီး ပျူစောထီးများက အပေါ်စီးမှ စက်ကလေးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေဘို၊ Project Flight (Fight for Democracy) ဒရုန်းတပ်ဖွဲ့ ၊ SHAR HTOO WAW နည်းပညာတပ်ဖွဲ့ Team6 Drop For Justice–DFJ၊ မတစ်ထောင် (တစ်ကောင်ဘွား)-ဒီပဲယင်းအဖွဲ့၊ Young Ni-SHWEBO ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Fight for Freedom အဖွဲ့၊ ဗိုလ်ဂျပန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Buffalo Soilders Freedom Force နှင့် Magic Dragonတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဆက်လက်ပြီး ရွှေဘိုခရိုင်အတွင်း ပြည်သူလူထုအား ဒုက္ခပေးနေသည့် စစ်တပ်၊ ရဲ၊ ပျူစောထီးနှင့် စစ်တပ်ထောက်တိုင်များကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#TachileikNewsAgency