မြင်မြို့နယ်တွင် စစ်ကောင်စီဂိတ်ဖြတ်မိသည့် အရပ်သားနှစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

မကွေးတိုင်း မြိုင်မြို့နယ် အနောက်ဘက်ကားလမ်းရှိ စစ်ကောင်စီတပ်စစ်ဆေးဂိတ်ကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့က လမ်းမှားရောက်လာသည့် ယာဉ်တစ်စီးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါမော်တော်ယာဉ်သည် မြိုင်မြို့ဘက်သို့ မောင်းနှင်ဝင်ရောက်သွားစဉ် ကိုးဆောင်ဂိတ်ရှိ စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစာထီးများက ဝိုင်းဝန်းပစ်ခတ်ခဲ့ရာမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဖြစ်စဥ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက သတင်းရရှိပြီးနောက် ပစ်ခတ်‌မှုတွင် သေဆုံးသွားသည့် အရပ်သား(၂)ဦးကို နာရေးကူညီမှုကားဖြင့် လာရောက်သယ်ဆောင်စဉ် ၎င်းကားဘေး၌ လုံခြုံရေးလိုက်ပါလာသည့် စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစောထီးများအား ပကဖရင်း(၁)၊ ခွဲ(၃၊၄)ရှိ တပ်စိတ်များက လက်နက်ငယ်များဖြင့် အနီးကပ် ပစ်ခတ်ခဲ့သည်ဟု သိရ သည်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုမှာ (၁၅)မိနစ်ခန့်ကြာခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ဦး၊ ရဲတစ်ဦး ကျည်ထိမှန်၍ မြိုင်ဆေးရုံသို့ သယ်ဆောင်သွားရသည်ဟု မြိုင်မြို့နယ် ပကဖ ထံမှ သိရသည်။

#TachileikNewsAgency

Video : မြိုင်-ပကဖ