စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှ ရွှေဘိုမြို့နယ်ဘက်သို့ လာသည့် စစ်ကောင်စီတပ် ခမရ (၃၆၄ ) တပ်သားများကို ဒရုန်းနှင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း BLACK WOLF-ARMY တပ်ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လ(၂၄)ရက်နေ့က ဝက်လက်မြို့နယ် ဘုံးဘွဲ့ကျေးရွာကို မီးရှို့ဖျက်စီးကာ ရှားတောရွာမှဖြတ်သန်း၍ ရွှေဘိုမြို့သို့ ပြန်လာသည့် ခမရ (၃၆၄ )တပ်သားများအား BLACKWOLF-ARMY တပ်ဖွဲ့၊ Who am i Armyနှင့် Forest Fighterတို့က ဒရုန်းဖြင့် ဗုံးသီး (၄)ကြိမ်ချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗုံးသီးမှာ စစ်ကောင်စီတပ်သားအပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး (၃)ဦးမှ (၅)ဦးခန့် ထိခိုက်သေဆုံးနိုင်သည်ဟုလည်း သတင်းထုတ် ပြန်ထားသည်။
#TachileikNewsAgency
Photo : BLACK WOLF ARMY