တန့်ဆည်ပြည်သူများရဲ့ အထိမခံ ပြင်းပြင်းထန်ထန် ကြွေးကြော်သံ 

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့တွင် စစ်အာဏာရှင်ကို အလိုမရှိသည့် တန့်ဆည်ပြည်သူများက စစ်အာဏာရှင် အမြန်ဆုံးကျဆုံးရေး နှင့် ပြည်သူများက အာဏာသိမ်းစစ်တပ်အား လက်မခံကြောင်း ပြသသည့်အနေဖြင့် ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့တွင် လှည့်လည် ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

တန့်ဆည်ပြည်သူများသည် မြို့တွင်းတွင် အာဏာသိမ်းစစ်တပ် နှင့် လက်အောက်ခံ ရဲများ၏ စောင့်ကြည့် ဖမ်းဆီးမှုများရှိနေသည့်အတွက် မြို့နယ်အတွင်း မရ ရသည့်နည်းများဖြင့် လှည့်လည်ကာ စစ်အာဏာရှင်ကျဆုံးရေးအတွက် ဆန္ဒပြနေကြခြင်း ဖြစ်သည်။