ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က (၆)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်
၂၀၂၀ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က ကိုယ်စားလှယ်လောင်း (၆)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က ကျိုင်းတုံခရိုင်အတွင်း အမျိုးသားလွှတ်တော်ကိုယ်စား မဲဆန္ဒနယ်အတွက် (၁)ဦး၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်(၃)နေရာလုံး အပါဝင် တာချီလိတ်မြို့တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁)တို့တွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ရှမ်းပြည်နယ်တစ်ခုလုံးအနေဖြင့် အဆိုပါ ပါတီက အမျိုးသားလွှတ်တော် (၂)နေရာ၊ ပြည်သူ့လွှတ်တော် (၄)နေရာ၊ ပြည်နယ်လွှတ်တော် (၆)နေရာ စုစုပေါင်း (၁၂)နေရာတို့ဝင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အမျိုးသားလွှတ်တော်နေရာ(၂၈)နေရာ၊ ပြည်သူ့လွှတ်တော်နေရာ (၇၆)နေရာ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတွင် (၁၃၂)နေရာ နှင့် တိုင်းရင်းသားကိုယ်စားလှယ်နေရာတွင် (၃)နေရာ စုစုပေါင်း နေရာပေါင်း (၂၃၉)ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)သည် တရားဝင်နိုင်ငံရေးပါတီအဖြစ် ၂၀၁၉ခုနှစ် အောက်တိုဘာလ(၂၃)ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံက ခွင့်ပြုချက်ရရှိထားပြီး ဥက္ကဌအဖြစ် ဒေါက်တာသက်သက်ခိုင်က ဆောင်ရွက်နေသည်။
Tachileik News Agency