ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အခွန်ကင်းလွတ် သက်သာခွင့် ဆောင်ရွက်ပေးမည်

ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အခွန်ကင်းလွတ် သက်သာခွင့် ဆောင်ရွက်ပေးမည်
မတ် 13, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့်  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အခွန်ကင်းလွတ် သက်သာခွင့် ဆောင်ရွက်ပေးမည်

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်စဉ်ကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အပေါ် အခွန်ကင်း လွတ်ခွင့်နှင့် သက်သာခွင့်များပေးနိုင်ရေးကို ၂၀၂၀ ခုနှစ် မတ်လ (၁၃) ရက်နေ့တွင် ဖွဲ့စည်းလိုက်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ဆောင်ရွက်မည်ဟု သိရသည်။

ကမ္ဘာ့နိုင်ငံအများအပြားတွင် လတ်တလောဖြစ်ပွားနေသည့် COVID-19 ကြောင့် ပြည်တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအပေါ် အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ ပေးနိုင်ရေးအပါအဝင် အချက် (၆) ချက်ဆောင်ရွက်ရန် Corona virus Disease 2019(COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ဆောင်ရွက်မည်ဟု သိရသည်။

COVID-19 ကဲ့သို့ ဖြစ်စဉ်များမှာ အနာဂတ်တွင်လည်း ထပ်မံပေါ်ပေါက်လာနိုင်ရာ ကုန်ကြမ်းပစ္စည်းများ ရရှိရေးကို တရုတ်နိုင်ငံတစ်ခုတည်းအား အမှီပြုနေရခြင်းအစား အခြားနိုင်ငံများမှ ကုန်ကြမ်းပစ္စည်းများ ဖြန့်ခွဲရယူနိုင်ရေး ပြင်ဆင်ဆောင်ရွက်ရန်၊ လိုအပ်ပါက ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် သက်သာသည့်အတိုးနှုန်းဖြင့် ချေးငွေများထုတ်ပေးနိုင်ရေး နိုင်ငံတော်သမ္မတရုံးသို့ သုံးသပ်တင်ပြရန် စသည့် လုပ်ငန်းစဉ် (၆) ရပ်ကို အဆိုပါကော်မတီက ဆောင်ရွက်မည်ဟု သိရသည်။

Corona virus Disease 2019(COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ ဥက္ကဌအဖြစ် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အတွင်းရေးမှူးအဖြစ် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်အပါအဝင် အဖွဲ့ဝင် (၇) ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ်၊ ၄၆/၂၀၂၀ ဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~