တရုတ်နှစ်သစ်ကူးကာလအတွင်း ထိုင်းရဲတပ်ဖွဲ့က အန်ပေါင်းပေးသည့် စာအိတ်နီများအတွင်း နှာခေါင်းစည်းများထည့်ကာ ပေးဝေး
တရုတ်နှစ်သစ်ကူးကာလအတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆူခွန်ဗစ်လမ်းမကြီးနှင့် လေဆိပ်သွားရာ လမ်းဆုံရှိ ဖရာထိုင်းလမ်းဆုံ၌ ရဲတပ်ဖွဲ့က အန်ပေါင်းပေးသည့် စာအိတ်နီများဖြင့် နှာခေါင်းစည်းများကိုထည့်ကာ ပေးဝေးနေခြင်းကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့စ၍ လုပ်ဆောင်နေသည်။
လေထုအရည်အသွေးကျဆင်းနေသည့် ဘန်ကောက်တွင် အမှုန်များကို ကာကွယ်ရန်နှင့် အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါများ ကာကွယ်နိုင်ရန် နှင့် လက်ရှိ တရုတ်နိုင်ငံတွင် အများဆုံးဖြစ်ပွားနေသည့် ဝူဟန်အဆုတ်နာရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အန်ပေါင်းပေးခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် တရုတ်နိုင်ငံမှ ဝူဟန်အဆုတ်ရောင်ရောဂါကူးစက်ခံရသူ (၅)ဦး တွေ့ရှိထားခဲ့ပြီးနောက် တရုတ်ခရီးသွားများအား တားမြစ်စေလိုသည့် ထိုင်းလူထုက ထိုင်းအစိုးရအား လူထုကျန်းမာရေးထက် တရုတ်ခရီးသွားဘတ်ဂျက်ကို ပို၍ဦးစားပေးသည်ဟု ဝေဖန်နေကြခြင်းဖြစ်သည်။