ဟောင်ကောင်တွင် ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရသည့် (၆)ယောက်မြောက်တွေ့ရှိ၍ ကူးစက်ခံရသူ စုစုပေါင်း (၂၀၂၃)ဦး ရှိလာ

ဟောင်ကောင်တွင် ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရသည့် (၆)ယောက်မြောက်တွေ့ရှိ၍ ကူးစက်ခံရသူ စုစုပေါင်း (၂၀၂၃)ဦး ရှိလာ
ဇန်နဝါရီ 26, 2020
By Tachileik News Agency

ဟောင်ကောင်တွင် ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရသည့် (၆)ယောက်မြောက်တွေ့ရှိ၍ ကူးစက်ခံရသူ စုစုပေါင်း (၂၀၂၃)ဦး ရှိလာ

ဟောင်ကောင်တွင် ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရသည့် (၆)ယောက်မြောက် အတည်ပြုလူနာအား ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့ နေ့လည် (၂)နာရီ ဝန်းကျင်အချိန်က တွေ့ရသဖြင့် ပြည်မကြီးဘက်မှ အဝင်ကို ပိတ်ပင်ရန် ဟောင်ကောင်အစိုးရအား ဖိအားပေးမှုများလာနေကြောင်း သိရသည်။

လက်ရှိတွင် ဟောင်ကောင်၌ ဝူဟန်အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေ ကြေညာထားပြီး ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင်း ရောဂါကူးစက်ခံရသည့် ဒေသလည်း ပိုများလာနေ၍ မြို့များကို အဝင်အထွက်ပိတ်ပစ်ပြီး ရောဂါထိန်းချုပ်နိုင်ရေး လုပ်ဆောင်နေရာ လက်ရှိတွင် မြို့ပေါင်း (၁၃)မြို့မှာ ပြင်ပနှင့် ဆက်သွယ်နိုင်ခြင်း မရှိတော့ဘဲ ဝူဟန်နှင့် ကီလိုမီတာ (၈၀၀)အကွာတွင်ရှိသည့် လူဦးရေ (၅.၃)သန်းနေထိုင်သည့် ဆိပ်ကမ်းမြို့ ရှန်တုံးကိုလည်း ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့၌ ပိတ်ပစ်မည်ဟု သတင်းထုတ်ပြန်ပြီးနောက် အဝင်အထွက်များကို မပိတ်တော့ဘဲ ရောဂါစောင့်ကြည့် စစ်ဆေးမှုများကို ပိုမိုတင်းကြပ်စွာလုပ်ဆောင်မည်ဟု သတင်းထုတ်ပြန်လာသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~