ပထမဆုံးအကြိမ် လားရှိုး - လင်ချမ်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကုန်စည်ပြပွဲ ကျင်းပမည်

ပထမဆုံးအကြိမ် လားရှိုး - လင်ချမ်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကုန်စည်ပြပွဲ ကျင်းပမည်
နိုဝင်ဘာ 2, 2019
By 🌸
ပထမဆုံးအကြိမ် လားရှိုး - လင်ချမ်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကုန်စည်ပြပွဲ ကျင်းပမည်
*********

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် လားရှိုး - လင်ချမ်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကုန်စည်ပြပွဲအား ပထမဦးဆုံးအကြိမ်ကျင်းပရန် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့တွင် လားရှိုးမြို့၌ ညှိနှိုင်းဆွေးနွေးနေပြီဖြစ်သည်။

"တရုတ်ဘက်ကတော့ လင်ချမ်း ဒုတိယမြို့တော်ဝန်နဲ့အဖွဲ့တွေလာတဲ့အတွက် ကျွန်တော်တို့ မြန်မာဘက်ကလည်း လားရှိုး ခရိုင်အထွေထွေအုပ်ချုပ်ရေးကနေ ဦးဆောင်ပြီးတော့ ဆွေးနွေးပွဲလုပ်တာပါ။ အဓိကဆွေးနွေးတာကတော့ ပြပွဲဖြစ်မြောက်အောင်လုပ်နိုင်ဖို့အတွက် လိုအပ်ချက်လေးတွေကို ညှိနှိုင်းဆွေးနွေးတာပါ။ ဘာတွေ လိုအပ်တယ်။ ဘာတွေလုပ်ပေးမယ်ဆိုတာတွေ ပြောကြပါတယ်" ဟု လားရှိုးမြို့တွင်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ခဲ့သည့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး(လားရှိုး)မှ ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါပြပွဲကို နိုဝင်ဘာ (၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ပြခန်းပေါင်း ( ၁၃၁ )ခန်းတွင် အဓိကအနေဖြင့် ဆောက်လုပ်ရေးပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်းစသည့် ထုတ်ကုန်များကို တရုတ်(လင်ချမ်း)ဘက်ရှိ ကုမ္ပဏီများမှ ဆိုင်ခန်းပေါင်း(၈၀)ဖြင့် ပြသမည်ဖြစ်ပြီး မြန်မာဘက်မှ လားရှိုးမြို့အပါအဝင် ဒေသအသီးသီးမှ ထွက်ကုန် များကိုပြသမည်ဟု သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တရုတ်နိုင်ငံဘက်မှ လင်ချမ်းခရိုင် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့ တက်ရောက်ခဲ့ပြီး  မြန်မာ-တရုတ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကုန်စည်ပြပွဲ အောင်မြင်စွာကျင်းပ နိုင်ရေး ဦးစီးကော်မတီမှ ဒုတိယဥက္ကဌ(ကိုယ်စား) လားရှိုးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ကုန်စည်ပြပွဲနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာအချို့တက်ရောက်ခဲ့သည်ဟု သိရသည်။

တရုတ်(လင်ချမ်း) နှင့် မြန်မာ(လားရှိုး)တို့ ပူးပေါင်းကျင်းပမည့် အဆိုပါပြပွဲများအား နှစ်စဉ် အလှည့်ကျ ကျင်းပသွားမည်ဖြစ်ကာ ၂၀၂၀ ခုနှစ်တွင် လင်ချမ်းမြို့၌ ပြုလုပ်သွားမည်ဟု သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - စားသုံးသူရေးရာဦးစီးဌာန

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ပထမဆံုးအႀကိမ္ လားရိႈး - လင္ခ်မ္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးကုန္စည္ျပပြဲ က်င္းပမည္
*********

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ လားရိႈး - လင္ခ်မ္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ကုန္စည္ျပပြဲအား ပထမဦးဆံုးအႀကိမ္က်င္းပရန္ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၁)ရက္ေန႔တြင္ လားရိႈးၿမိဳ႕၌ ညိႇႏိႈင္းေဆြးေႏြးေနၿပီျဖစ္သည္။

"တရုတ္ဘက္ကေတာ့ လင္ခ်မ္း ဒုတိယၿမိဳ႕ေတာ္ဝန္နဲ႔အဖြဲ႔ေတြလာတဲ့အတြက္ ကၽြန္ေတာ္တို႔ ျမန္မာဘက္ကလည္း လားရႈိး ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးကေန ဦးေဆာင္ၿပီးေတာ့ ေဆြးေႏြးပြဲလုပ္တာပါ။ အဓိကေဆြးေႏြးတာကေတာ့ ျပပြဲျဖစ္ေျမာက္ေအာင္လုပ္ႏိုင္ဖို႔အတြက္ လိုအပ္ခ်က္ေလးေတြကို ညွိႏႈိင္းေဆြးေႏြးတာပါ။ ဘာေတြ လုိအပ္တယ္။ ဘာေတြလုပ္ေပးမယ္ဆိုတာေတြ ေျပာၾကပါတယ္" ဟု လားရိႈးၿမိဳ႕တြင္ျပဳလုပ္သည့္ လုပ္ငန္းညွိႏႈိင္းအစည္း အေဝးသို႔ တက္ေရာက္ခဲ့သည့္ စားသံုးသူေရးရာဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမွဴးရံုး(လားရိႈး)မွ ဒုတိယ ျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္း က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အဆိုပါျပပြဲကို ႏိုဝင္ဘာ (၂၁)ရက္ေန႔မွ (၂၄)ရက္ေန႔အထိ က်င္းပမည္ျဖစ္ၿပီး ျပခန္းေပါင္း ( ၁၃၁ )ခန္းတြင္ အဓိကအေနျဖင့္ ေဆာက္လုပ္ေရးပစၥည္း၊ အီလက္ထေရာနစ္ပစၥည္းစသည့္ ထုတ္ကုန္မ်ားကို တရုတ္(လင္ခ်မ္း)ဘက္ရွိ ကုမၸဏီမ်ားမွ ဆိုင္ခန္းေပါင္း(၈၀)ျဖင့္ ျပသမည္ျဖစ္ၿပီး ျမန္မာဘက္မွ လားရိႈးၿမိဳ႕အပါအဝင္ ေဒသအသီးသီးမွ ထြက္ကုန္ မ်ားကိုျပသမည္ဟု သိရသည္။

အဆိုပါ လုပ္ငန္းညွိႏိႈင္းအစည္းအေဝးတြင္ တရုတ္ႏိုင္ငံဘက္မွ လင္ခ်မ္းခရိုင္ ဒုတိယၿမိဳ႕ေတာ္ဝန္ႏွင့္အဖြဲ႔ တက္ေရာက္ခဲ့ၿပီး  ျမန္မာ-တရုတ္ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးကုန္စည္ျပပြဲ ေအာင္ျမင္စြာက်င္းပ ႏိုင္ေရး ဦးစီးေကာ္မတီမွ ဒုတိယဥကၠဌ(ကိုယ္စား) လားရိႈးခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးမွဴးႏွင့္ ကုန္စည္ျပပြဲႏွင့္ သက္ဆိုင္သည့္ ဌာနဆိုင္ရာအခ်ိဳ႕တက္ေရာက္ခဲ့သည္ဟု သိရသည္။

တရုတ္(လင္ခ်မ္း) ႏွင့္ ျမန္မာ(လားရိႈး)တို႔ ပူးေပါင္းက်င္းပမည့္ အဆိုပါျပပြဲမ်ားအား ႏွစ္စဥ္ အလွည့္က် က်င္းပသြားမည္ျဖစ္ကာ ၂၀၂၀ ခုႏွစ္တြင္ လင္ခ်မ္းၿမိဳ႕၌ ျပဳလုပ္သြားမည္ဟု သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - စားသံုးသူေရးရာဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net