ထိုင်းနိုင်ငံမှ ငွေလွှဲများအပေါ် စိစစ်မှုကို ရှောင်လွှဲနိုင်မည့်နည်းလမ်းများကို ထိုင်းဘဏ်များက မြန်မာလုပ်ငန်းရှင်များအား အကြံပြု

ထိုင်းနိုင်ငံမှ ငွေလွှဲများအပေါ် စိစစ်မှုကို ရှောင်လွှဲနိုင်မည့်နည်းလမ်းများကို ထိုင်းဘဏ်များက မြန်မာလုပ်ငန်းရှင်များအား အကြံပြု
အောက်တိုဘာ 14, 2019
By Tachileik News Agency
ထိုင်းနိုင်ငံမှ ငွေလွှဲများအပေါ် စိစစ်မှုကို ရှောင်လွှဲနိုင်မည့်နည်းလမ်းများကို ထိုင်းဘဏ်များကြမန်မာလုပ်ငန်းရှင်များအား အကြံပြု

ထိုင်းနိုင်ငံတွင် ဘဏ်စာရင်းများမှ ငွေလွှဲသည့် ပမာဏနှင့် ငွေလွှဲသည့်အကြိမ်ရေ သတ်မှတ်ချက်ထက် ပိုများပါက ဘဏ်များအနဖြေင့် စာရင်းစစ်သို့ ပေးပို့ကြရမည်ဖြစ်၍ ဘဏ်တစ်ခုထဲကို အသုံးပြု၍ ငွေလွှဲခြင်းထက် မတူညီသည့်ဘဏ်များကိုခွဲ၍ သုံးကြရန် တာချီလိတ်မှ လုပ်ငန်းရှင်များအား ထိုင်းဘဏ်များက အကြံပြုထားသည်။

တစ်နှစ်အတွင်း လူတစ်ဦးက  e - banking  ဘဏ်ငွေလွှဲအကြိမ်ရေ (၃၀၀၀) ကျော်နှင့် ဘဏ်စာရင်းတစ်ခုမှ ငွေလွှဲအကြိမ်ရေ (၄၀၀) ကျော်တွင် လွှဲငွေပမာဏမှာ ဘတ်ငွေ (၂)သန်းကျော်ပါက ဘဏ်အနဖြေင့် စာရင်းစစ်ထံ အချက်အလက်များ ပေးပို့ရမည် ဖြစ်သည်။

 “လူတစ်ယောက်က ငွေလွှဲတာ အခေါက် (၃၀၀၀) ကျော်သွားပြီဆိုရင် ဘဏ်ကနေ စာရင်းစစ်ကို တင်ပို့ရတော့မှာ ဖြစ်တယ်။ ငွေပမာဏကတော့ ဘယ်လောက်လွှဲလွှဲ ရပါတယ်။ ဘဏ်ကနေ စာရင်းစစ်ကို ပို့ပြီးရင် စာရင်းစစ်က လွှဲတဲ့သူကို စာပို့မှာဖြစ်ပါတယ်”ဟု ထိုင်းဘဏ်အဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ Somchai Anupapvisedkul က ပြောသည်။

ဘဏ်စာရင်းတစ်ခုမှ တစ်နှစ်အတွင်း ငွေလွှဲအကြိမ်ရေ (၄၀၀) ပြည့်သော်လည်း လွှဲငွေပမာဏ ဘတ်(၂)သန်းမကျော်ပါက စာရင်းပို့စစ်ရန် မလိုအပ်ကြောင်း သိရသည်။

“ အခေါက် (၄၀၀) လွှဲရာမှာ ငွေပမာဏ ဘတ် (၂) သန်းမကျော်ဘူးဆိုရင် ကိစ္စမရှိဘူး။ ဘတ် (၂) သန်းကျော် သွားရင် စာရင်းစစ်ဌာနကို ပို့ရမှာဖြစ်ပါတယ်။ ဒါက တစ်ဘဏ်ချင်းရဲ့ စစ်ဆေးချက် ဖြစ်ပါတယ်။ ကိုယ်က ဘဏ်တစ်ခုမှာ အကောင့်တစ်ခုဖွင့်တယ်။ အခြားဘဏ်မှာလည်း အကောင့်ဖွင့်တယ်။ အဲဒါဆို ကိုယ့်ဘဏ်ပဲ စစ်လို့ရမယ်။ အခြားဘဏ်ကို စစ်လို့မရဘူး။ ဒီဘဏ်မှာ အခေါက် (၃၀၀) လွှဲတယ်။ အခြားဘဏ်မှာ အခေါက် (၃၀၀) လွှဲတယ်ဆို ကိစ္စမရှိဘူး။ ဘဏ် (၃)ခု၊ (၄) ခုမှာ အကောင်တွေဖွင့်ပြီး လွှဲမယ်ဆိုရင် ဥပဒေရဲ့ဟချက်မှာ လုပ်လို့ရတယ်။ ဘဏ်တစ်ခုထဲမှာ အခေါက် (၄၀၀) ကျော်လို့မရဘူး”ဟု ထိုင်းဘဏ်အဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ Somchai Anupapvisedkul က တာချီလိတ်မှ လုပ်ငန်းရှင်များအား အကြံပြုသွားသည်။

ထိုင်းနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၁) ရက်နေ့မှစတင်၍ ငွေမည်းခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ အနဖြေင့် ဘဏ်ငွေလွှဲခြင်းဆိုင်ရာ အချက်အလက်များအား စစ်ဆေးခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ဘဏ်ငွေလွှဲကိစ္စများ အပြောင်းအလဲဖြစ်သွား၍ တာချီလိတ်ဘက်မှ ထိုင်းဘဏ်များနှင့် ဆက်စပ်လုပ်ကိုင်သည့် ငွေကြေးပမာဏ လျော့ကျသွားသည့်အတွက် တာချီလိတ်ဘက်မှ လုပ်ငန်းရှင်များကို ထိုင်းနိုင်ငံရှိ ခရိုင်(၁၇) ခုမှ ဘဏ်အဖွဲ့အစည်းခေါင်းဆောင်များက အောက်တိုဘာလ (၁၁)ရက်နေ့ နေ့လယ် (၁)နာရီ၌ လာရောက်တွေ့ဆုံခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ဘတ် (၅)သောင်းနှင့်အထက် e – bank မှ ငွေလွှဲများအား စစ်ဆေးမည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး၏ မူကြမ်းကို အစိုးရအဖွဲ့အစည်းအဝေးက ၂၀၁၉ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်များအား ထောက်ပံ့မှုများကို ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်ပတ်သက်၍ နိုင်ငံတကာစံနှုန်းများဖြင့် တိုင်းတာပါက ထိုင်းနိုင်ငံအနဖြေင့် လုပ်ဆောင်ရမည့်ကိစ္စရပ် (၁၇)ခုကို လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း တွေ့ရသဖြင့် ယင်းကဲ့သို့ အတည်ပြုပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

ထုိင္းႏုိင္ငံမွ ေငြလႊဲမ်ားအေပၚ စိစစ္မႈကို ေရွာင္လႊဲႏုိင္မည့္နည္းလမ္းမ်ားကို ထုိင္းဘဏ္မ်ားက ျ
မန္မာလုပ္ငန္းရွင္မ်ားအား အႀကံျပဳ

ထုိင္းႏုိင္ငံတြင္ ဘဏ္စာရင္းမ်ားမွ ေငြလႊဲသည့္ ပမာဏႏွင့္ ေငြလႊဲသည့္အႀကိမ္ေရ သတ္မွတ္ခ်က္ထက္ ပိုမ်ားပါက ဘဏ္မ်ားအေနျဖင့္ စာရင္းစစ္သို႔ ေပးပို႔ၾကရမည္ျဖစ္၍ ဘဏ္တစ္ခုထဲကို အသံုးျပဳ၍ ေငြလႊဲျခင္းထက္ မတူညီသည့္ဘဏ္မ်ားကိုခြဲ၍ သံုးၾကရန္ တာခ်ီလိတ္မွ လုပ္ငန္းရွင္မ်ားအား ထုိင္းဘဏ္မ်ားက အႀကံျပဳထားသည္။

တစ္ႏွစ္အတြင္း လူတစ္ဦးက  e - banking ဘဏ္ေငြလႊဲအႀကိမ္ေရ (၃၀၀၀) ေက်ာ္ႏွင့္ ဘဏ္စာရင္းတစ္ခုမွ ေငြလႊဲအႀကိမ္ေရ (၄၀၀) ေက်ာ္တြင္ လႊဲေငြပမာဏမွာ ဘတ္ေငြ (၂)သန္းေက်ာ္ပါက ဘဏ္အေနျဖင့္ စာရင္းစစ္ထံ အခ်က္အလက္မ်ား ေပးပို႔ရမည္ ျဖစ္သည္။

 “လူတစ္ေယာက္က ေငြလႊဲတာ အေခါက္ (၃၀၀၀) ေက်ာ္သြားၿပီဆိုရင္ ဘဏ္ကေန စာရင္းစစ္ကို တင္ပို႔ရေတာ့မွာ ျဖစ္တယ္။ ေငြပမာဏကေတာ့ ဘယ္ေလာက္လႊဲလႊဲ ရပါတယ္။ ဘဏ္ကေန စာရင္းစစ္ကို ပို႔ၿပီးရင္ စာရင္းစစ္က လႊဲတဲ့သူကို စာပို႔မွာျဖစ္ပါတယ္”ဟု ထိုင္းဘဏ္အဖြဲ႕မွ ေခါင္းေဆာင္ျဖစ္သူ Somchai Anupapvisedkul က ေျပာသည္။

ဘဏ္စာရင္းတစ္ခုမွ တစ္ႏွစ္အတြင္း ေငြလႊဲအႀကိမ္ေရ (၄၀၀) ျပည့္ေသာ္လည္း လႊဲေငြပမာဏ ဘတ္(၂)သန္းမေက်ာ္ပါက စာရင္းပို႔စစ္ရန္ မလိုအပ္ေၾကာင္း သိရသည္။

“ အေခါက္ (၄၀၀) လႊဲရာမွာ ေငြပမာဏ ဘတ္ (၂) သန္းမေက်ာ္ဘူးဆိုရင္ ကိစၥမရိွဘူး။ ဘတ္ (၂) သန္းေက်ာ္ သြားရင္ စာရင္းစစ္ဌာနကို ပို႔ရမွာျဖစ္ပါတယ္။ ဒါက တစ္ဘဏ္ခ်င္းရဲ႕ စစ္ေဆးခ်က္ ျဖစ္ပါတယ္။ ကိုယ္က ဘဏ္တစ္ခုမွာ အေကာင့္တစ္ခုဖြင့္တယ္။ အျခားဘဏ္မွာလည္း အေကာင့္ဖြင့္တယ္။ အဲဒါဆို ကိုယ့္ဘဏ္ပဲ စစ္လို႔ရမယ္။ အျခားဘဏ္ကို စစ္လို႔မရဘူး။ ဒီဘဏ္မွာ အေခါက္ (၃၀၀) လႊဲတယ္။ အျခားဘဏ္မွာ အေခါက္ (၃၀၀) လႊဲတယ္ဆို ကိစၥမရိွဘူး။ ဘဏ္ (၃)ခု၊ (၄) ခုမွာ အေကာင္ေတြဖြင့္ၿပီး လႊဲမယ္ဆိုရင္ ဥပေဒရဲ႕ဟခ်က္မွာ လုပ္လို႔ရတယ္။ ဘဏ္တစ္ခုထဲမွာ အေခါက္ (၄၀၀) ေက်ာ္လို႔မရဘူး”ဟု ထိုင္းဘဏ္အဖြဲ႕မွ ေခါင္းေဆာင္ျဖစ္သူ Somchai Anupapvisedkul က တာခ်ီလိတ္မွ လုပ္ငန္းရွင္မ်ားအား အႀကံျပဳသြားသည္။

ထိုင္းႏိုင္ငံတြင္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ (၁) ရက္ေန႔မွစတင္၍ ေငြမည္းခဝါခ်မႈတုိက္ဖ်က္ေရးအဖြဲ႕ အေနျဖင့္ ဘဏ္ေငြလႊဲျခင္းဆုိင္ရာ အခ်က္အလက္မ်ားအား စစ္ေဆးခြင့္ျပဳလုိက္ျခင္းျဖစ္သည္။

ဘဏ္ေငြလႊဲကိစၥမ်ား အေျပာင္းအလဲျဖစ္သြား၍ တာခ်ီလိတ္ဘက္မွ ထုိင္းဘဏ္မ်ားႏွင့္ ဆက္စပ္လုပ္ကိုင္သည့္ ေငြေၾကးပမာဏ ေလ်ာ့က်သြားသည့္အတြက္ တာခ်ီလိတ္ဘက္မွ လုပ္ငန္းရွင္မ်ားကို ထုိင္းႏိုင္ငံရိွ ခရိုင္(၁၇) ခုမွ ဘဏ္အဖြဲ႕အစည္းေခါင္းေဆာင္မ်ားက ေအာက္တိုဘာလ (၁၁)ရက္ေန႔ ေန႔လယ္ (၁)နာရီ၌ လာေရာက္ေတြ႔ဆံုျခင္း ျဖစ္သည္။

ထုိင္းႏုိင္ငံတြင္ ဘတ္ (၅)ေသာင္းႏွင့္အထက္ e – bank မွ ေငြလႊဲမ်ားအား စစ္ေဆးမည့္ ေငြေၾကးခဝါခ်မႈ တုိက္ဖ်က္ေရးရံုး၏ မူၾကမ္းကို အစိုးရအဖြဲ႕အစည္းအေဝးက ၂၀၁၉ခုႏွစ္ ေအာက္တိုဘာလ(၁)ရက္ေန႔တြင္ အတည္ျပဳေပးလုိက္ျခင္းျဖစ္သည္။

ေငြေၾကးခဝါခ်မႈႏွင့္ အၾကမ္းဖက္မ်ားအား ေထာက္ပံ့မႈမ်ားကို ကာကြယ္ထိန္းခ်ဳပ္ႏုိင္ေရးႏွင့္ပတ္သက္၍ ႏုိင္ငံတကာစံႏႈန္းမ်ားျဖင့္ တုိင္းတာပါက ထုိင္းႏုိင္ငံအေနျဖင့္ လုပ္ေဆာင္ရမည့္ကိစၥရပ္ (၁၇)ခုကို လုပ္ေဆာင္ႏုိင္ျခင္းမရိွေၾကာင္း ေတြ႔ရသျဖင့္ ယင္းကဲ့သို႔ အတည္ျပဳေပးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net