တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦး ကြိုး ဆွဲ ချ သေ ဆုံး

တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦး ကြိုး ဆွဲ ချ သေ ဆုံး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း ဝန်ထမ်းကုန်းရှိ နေအိမ်အခန်းငှားတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၄)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်အချိန်က နေအိမ်အခန်းငှားအတွင်း၌ အသက်(၃၇)နှစ်အရွယ်ရှိ ရန်နိုင်ဦး ဆိုသူမှာ ကြိုးဆွဲချသေဆုံးနေခြင်းဖြစ်ကြောင်း သိရှိရ၍ သက်ဆိုင်ရာသို့ အကြောင်းကြားလိုက်ရခြင်းဖြစ်ကြောင်း အနီးဝန်းကျင်တွင် နေထိုင်သူများထံက သိရသည်။

၎င်းသည် မည်သည့်အကြောင်းကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသည်ကို မသိရသော်လည်း ၎င်းမသေဆုံးမီ အချိန်တွင် နေအိမ်အခန်းငှားနံရံတွင် ယခုလို အဆုံးစီရင်သွားခြင်းမှာ မည်သူ့ကြောင့်မှ မဆိုင်ကြောင်း မီးသွေးခဲဖြစ် ခြစ်၍ ရေးသားခဲ့သည့် စာကို တွေ့ရသည်။ 

သေဆုံးသွားသူမှာ မကွေးတိုင်းဒေသကြီး ငဖဲမြို့ ဇာတိဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ အလောင်းအား သက်ဆိုင်ရာက လာရောက်စစ်ဆေးပြီးနောက် ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက တာချီလိတ်ဆေးရုံရှိ ရင်ခွဲရုံသို့ ကူညီပို့ဆောင် ပေးထားကြောင်း သိရသည်။